မြန်မာလူမျိုးတို့ရဲ့ ယုံကြည်သက်ဝင်မှုအပိုင်းမှာ အဘဘိုးမင်းခေါင်ကို ကိုးကွယ်ယုံကြည်သူတွေကလည်း များလို့နေပါတယ်အဘဘိုးမင်းခေါင် ခေါ် အောင်မင်းခေါင်ကို ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှအဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှမြန်မာသက္ကရာဇ်၁၂၄၂ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ဖွားမြင်ခဲ့တယ်လို့သိရပါတယ်။ မွေးချင်းငါးယောက်အနက်ဒုတိယသားဖြစ်ကာမွေးချင်းများမှာ (၁)ဦးဘိုးသောင်း၊(၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊(၃)ဦးထွန်းမောင်၊(၄)ဦးဘိုးဆောင်၊(၅)ဒေါ်ငွေမြင့် တို့ဖြစ်ကြပါတယ်။ မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘဝကပင်ရှင်သာမဏေဘောင်ဝင်ခဲ့ရာမှ ရဟန်းဘ၀ထိကြာသာသနာဘောင်ထဲမှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ ဘွဲ့အမည်မှာ ဦးအာစိဏ္ဏ ဖြစ်ပြီး ရဟန်းဘ၀ သုံးဝါအရမှာပင်ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့တယ်လို့မှတ်သားဖွယ်သိရှိရပါတယ် ။ ရဟန်း(၁၀)ဝါအရတွင် မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပြီး မကြာမကြာမွေးရပ်မြေ စင်မြင့်ရွာသို့ပြန်လာလေ့ရှိပါတယ်။ထိုစဉ်ကပင် ဦးအာစိဏ္ဏသည် တွေ့မြင်ကြရသော ထူးခြားဖြစ်စဉ်များကြောင့်မြေကြောရှုံ့နိုင်သည့်ပထဝီသိဒ္ဓိပေါက်နေပြီဟုသိမီသူတို့မှခန့်မှန်းပြောဆိုကြပါတယ်။ရဟန်း(၁၃)ဝါအရတွင် ရဟန်းဝတ်နှင့်ပင် ခရီးထွက်သွားပြီး နှစ်ပေါင်း(၃၀)ကြာအောင်ပင် ထူးဆန်းစွာ ခြေရာဖျောက်ကာသေသည်ရှင်သည်မသိခဲ့ရပေ။ ထို့နောက် ” မင်းခေါင် ” နာမည်ယူ၍ လူဝတ်ကြောင်ဖြင့် ရောက်နေကြောင်း စင်မြင့်ရွာရှိညီအစ်ကိုမောင်နှမများက သတင်းကြားသဖြင့် လာရောက်ကြည့်ရှုကြသည်။ထိုအခါ မှ အောင်မင်းခေါင်ဖြစ်နေမှန်းသေချာ၍ ဆွေမျိုးများက နူတ်ဆက်မေးမြန်းကြရာ မင်းခေါင်သည် “အင်း….ဟုတ်တယ်…..မဟုတ်ဘူး ” […]
Myanmar History
ပုပ္ပားတောင်
ဘီစီ ၄၄၂(မှတ်တမ်းတချို့ ၄၄၄) ခုနှစ်တွင် ပုပ္ပားတောင်ကြီး မီးတောင်ပေါက်ကွဲ၍ ပုပ္ပားမီးသေတောင်ကြိး ဖြစ်လာသည်ဟု ဘူမိဗေဒ ပညာရှင်တို့က ပြောဆိုမှတ်တမ်း ပြုစုကြသည်။ အတိတ်ကာလက မီးတောင်အဖြစ် အကြိမ်ကြိမ် ပေါက်ကွဲပြီးသည့်နောက်ပိုင်း မီးသေတောင်အဖြစ် ဖြစ်ပေါ်လာခဲ့သည်။ သုတေသနပြုချက်များအရသက်နှောင်းကပ်(Cenozoic Era)၏ မိုင်အိုဆင်းယုဂ်(Miocene Period)နှောင်းပိုင်း လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ပုပ္ပား မီးတောင်ကြီးမှာ ပေါက်ကွဲနေဆဲ ဖြစ်ပါသည်။ စတုတ္တကပ် ပလိုင်စတို ဆင်းယုဂ်(Pleistocene Period)လွန်ခဲ့သောနှစ်ပေါင်း တစ်သန်းမှ ငါးသောင်းအတွင်းအထိ ပုပ္ပားတောင်မှာ မီးသေတောင် မဖြစ်သေးပေ။ ပုပ္ပားမီးတောင်မှ ချော်ရည်၊ ချော်မြှုပ်၊ ချော်ခိုးများသည် ကြိမ်ဖန်များစွာ မှုတ်လွှတ်၍ မြေပြင်သို့တက်နေဆဲပင်ဖြစ်သည်။ မည်သည့်ကာလ၌ ပုပ္ပားတောင်ကြီးသည် မီးသေတောင် စ,ဖြစ်ခဲ့သည်ကို မသိကြရပေ။ ကျောင်းချောခေတ် (Neolithic Age) အစ […]
ရှင်အရဟံ(ပုဂံခေတ်)
ရှင်အရဟံ၏ ဘွဲ့တော်သည် အရှင်ဓမ္မဒဿီဖြစ်၏။ သထုံပြည် အရှင်သီလဗုဒ္ဓိ၏သားတပည့်ဖြစ်သည်။ ဗေဒင် လေးပုံနှင့် ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ရဟန္တာဖြစ်တော်မူသည်။ပုဂံပြည်၏ အရည်းကြီးများသတင်းကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား ပုဂံသို့ သာသနာပြုစေလွှတ်တော်မူလေသည်။ ရဟန္တာ ရှင်အရဟံ၏ သာသနာပြုလုပ်ငန်းများကား မြန်မာပြည်သာသနာတွင် အမြင့်မားဆုံးဖြစ်ခဲ့လေသည်။ ပုဂံပြည်ကြီးသည် မင်းဆက်ပေါင်း ၅၅ ပါးရှိ၍ မြို့သက်တမ်း ၂၃၇ နှစ်တည်ခဲ့လေသည်။ သာသနာ သက္ကရာဇ် ၆၅၁၊ ကောဇာသက္ကရာဇ် ၂၉၊ အေဒီ ၂၀၉ ခုနှစ်၌ ယုန်လွှတ်ကျွန်း ၁၉ ရွာကို စုစည်း၍ ပထမပုဂံပြည်ကြီးကို သမုဒ္ဒရာဇ်မင်းကြီးက စတင်တည်ထောင်ခဲ့သည်။ ဝိဇ္ဇာဓိုရ်ရဟန္တာ ရှင်အရဟံသည် အလောင်းစည်သူမင်းနန်းစံ ၂ နှစ်(ခရစ်နှစ် ၁၁၁၅)ခုနှစ် ၈၁ နှစ်တွင် ပရိနိဗ္ဗာန် ပြုတော်မူသည်။ ခုနစ်ရက်တိုင်တိုင် အန္တိမဈာပန အခမ်းအနားကို […]
ပေါင်လောင်ရှင် ကဿပ(ပခန်းနယ်)
နရပတိစည်သူမင်းလက်ထက် ခရစ်နှစ် ၁၂၀၀ ပြည့်နှစ်ခန့်တွင် ပေါင်လောင်ရှင်ကဿပသည် ရဟန္တာဟု ကျော်ကြားခဲ့သည်။ ပခုက္ကူမြို့နယ် (ပခန်းနယ်)အနောက်တောင်ရိုးရှိ ဂူနီနေဝင်ရွာဇာတိဖြစ်သည်။ ငယ်စဉ်အခါက မိခင်၊ ဖခင်တို့အား ပလောင်ဓားပြများ ဓားပြတိုက်စဉ် ပလောင်ဒေသသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ပလောင်ဒေသမှာပင် သာသနာပြုခဲ့လေသည်။အကျင့်သိက္ခာ သီလ၊ သမာဓိ၊ ပရိယတ်၊ ပဋိပတ်် နှစ်ရပ်ပြည့် စုံသဖြင့်ပုဂံပြည်သို့ ပင့်ဖိတ်၍ ကိုးကွယ်ခဲ့လေသည်။ပေါင်လောင်ရှင်ကဿပသည် ယောနယ်အရပ်ရပ်တို့တွင်သာသနာပြု ကြွတော်မူစဉ် မုံရွာမြို့အမှ မိုင် ၆၀ အကွာ ပုံတောင်ပုံညာအရပ်တွင် ပျံလွန်တော်မူ၍ မြေမြှုပ်သင်္ဂြိုဟ်ကြသည်။(မှတ်ချက် – အရိမေတ္တယျ ဘုရားပွင့်သောအခါမှ တေဇောဓာတ်လောင်မည်ဟု ဆိုကြသည်။)ယခုအခါ အလောင်းတော်ကဿပ ဟူ၍ သွားရောက်ဖူးမြော်ကြသည်ဟု ပညာဝန် ဦးဖိုးကျား၏ အလောင်းတော်ကဿပသမိုင်းစာအုပ်၌ ရေးသားသည်။ကျောက်စာ၊ ရာဇဝင်၊ သာသနာဝင်နှင့် နန်းဓလေ့မှတ်တမ်းစသော မှတ်တမ်းတို့၌ အရှင်ကဿပနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာများကို […]
တောင်ဖီလာဆရာတော်(အင်းဝခေတ်)
တောင်ဖီလာဆရာတော်သည် အင်းဝခေတ်သာလွန်မင်းကြီးလက်ထက်(ခရစ်နှစ် ၁၆၂၈ – ၁၆၄၈)တွင် အလွန်ထင်ရှားကျော်ကြားသော ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဆရာတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦးစေတီတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦး စေတီတော်တည်ရာ အရပ်၌ခရစ်နှစ် ၁၅၇၈ ခုနှစ်(မြန်မာသက္ကရာဇ် ၉၄၀)တွင်မွေးဖွားခဲ့သည်။ရှင်သာမဏေဘဝမှာ မုနိန္ဒဃောဆသဖြစ်၍ ရဟန်းတော်ဘွဲ့အမည်မှာ အရှင်ဥပါလိဟုခေါ်သည်။ တိပိဋကာလင်္ကာရရာဇဂုရု ဘွဲ့တံဆိတ်တော်ရရှိသည်။ဆရာတော်သည် ပရိယတ် ပဋိပတ်ကို နားလည်သဘောပေါက်အောင် ဟောပြောတတ်သည်။ခရစ်နှစ် ၁၆၃၈ ခုနှစ်၊ ဧပြီလတွင် တောင်ဖီလာအပါအဝင် ဆရာတော်လေးပါးတို့သည် သာလွန်မင်းနှင့်အတူ မင်းဘူးမြို့နယ်ရှိ ပထမ ဆယ့်တစ်ရွာနှင့် ဒုတိယ ဆယ့်တစ်ရွာတို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့လေသည်။တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိနှင့် အကျင့်သိက္ခာတို့ကြောင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝဒေသများတွင် အစာရေစာ ပေါများခြင်း၊ မတရားမှုနည်းပါးခြင်းများရှိခဲ့သည်။ဆရာတော်သည် သက်တော် ၇၂ နှစ်၊ ခရစ်နှစ် ၁၆၅၀ ခုနှစ်၊ မြန်မာသက္ကရာဇာ် ၁၀၁၂ […]
ဆရာတော် ဦးကြည်၏ အတ္ထုပတ္တိ(ရွှေရေးဆောင် ဆရာတော် ရှင်အာဒိစ္စရံသီ)
ဆရာတော်ဦးကြည်သည် ရွှေရေးဆောင် ဆရာတော် ရှင်အာဒိစ္စရံသီ ဖြစ်ပြီး ဖခင်မှာ ရွှေပြည်ရန်အောင်တပ်မှူး ဦးကြာဝင်း ဖြစ်၍ မိခင်မှာ ဒေါ်ကြွယ် ဖြစ်သည်။ကိုလိုနီခေတ်ဦးကာလတွင် အထင်ရှား အကျော်ကြားဆုံးဂဏဝါစက စာချဆရာတော် ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် ဖြစ်သည်။ဆရာတော်လောင်းလျာ မောင်ကြည်ကို ၁၈၅၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် မြင်းခြံခရိုင် တောင်သာမြို့နယ်၊ မန်ကျည်းချို ရွာ၌ ဖွားမြင်သည်။အသက် ၁၂ နှစ်သားအရွယ်တွင် မန်ကျည်းချိုရွာဆရာ တော်ထံတွင် ကိုရင်ဝတ်၍ မန်ကျည်းချိုဆရာတော်ထံမှတစ်ဖန် စံကျောင်းဆရာတော်နှင့် မိုင်းခိုင်းဆရာတော်တို့ထံ အပ်နှံ၏။ရှင်သာမဏေဘွဲ့မှာ ရှင်အနုရုဒ္ဓါ ဖြစ်၏။ဆရာတော်ဦးကြည်(ရွှေရေးဆောင် ဆရာတော် ရှင် အာဒိစ္စရံသီ)သည် ဉာဏ်ရည်ထက်မြက်၏။ ၁၈ နှစ်အရွယ်၌ပင် ပထမကျော်တန်း အောင်မြင်၏။၁၈၉၉ ခုနှစ်တွင် စာချဆရာတော် ဖြစ်လာခဲ့သည်။ ဆရာတော်၏ ဆရာရင်းဖြစ်သူ မိုင်းခိုင်းဆရာတော်ကြီး ပျံလွန်တော် […]
ပုပ္ပားနယ်သမိုင်းနှင့် မြန်မာပြည်အတွင်းရှိ ဇော်ဂျီဝိဇ္ဇာစာရင်းတချို့
ပုပ္ပားတောင်သည် အမြင့် ၄,၉၈၁ ပေရှိ၍ မြင့်မားသော တောင်ကုန်းတောင်တန်းများ ပါဝင်သော မီးသေတောင်ကြီးတစ်ခုဖြစ်သည်။ ပုပ္ပားတောင်ကလပ် သည် အမြင့်ပေ ၂,၄၁၇ ပေရှိ၍ မတ်စောက်သည်။ပုပ္ပားနယ်သမိုင်းသမိုင်းဦးကာလက ပုပ္ပားနယ်တွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ကြသည်။ မြန်မာရာဇဝင်မှတ်တမ်းတို့တွင် ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်းလက်ထက် (ခရစ်နှစ် ၃၄၄-၃၈၇) ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ပုဂံဘုရင် သေလည်ကြောင်မင်းသည် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် တကောင်းမှ ပုဂံသို့ မျောပါလာ သည့် စကားပင်တုံးကြီးကို ဆယ်ယူ၍ နတ်မောင်နှမရုပ် ကို ထုလုပ်၍ ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ပုပ္ပားနယ်မြေသည် ဘုရင်မင်းမြတ်တို့၏ အလေးထားဂရုပြု နတ်ကိုးကွယ်မှုတို့ကြောင့်ပင် မြန်မာမင်း အဆက်ဆက်သို့ထိတိုင်အောင် နတ်ကိုးကွယ်ခဲ့ကြ သည်ဟု စာပေများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ […]
စိမ်း နီ ဝါ သုံးရောင်ခြယ် အံ့ထူးဖွယ်ရုပ်ပွားတော်မြတ်အကြောင်း သိကောင်းဖွယ်
ယခုအခါ၌ နေရာအတော်များများတွင်ပလ္လင်တော် အစိမ်းရောင်၊ သင်္ကန်းတော် အနီရောင်၊ ကိုယ်သားတော် အဝါရောင် ဤသုံးမျိုးသောအရောင်ဖြင့် စီခြယ်သအပ်သော ရုပ်ပွားတော်မြတ်အား ကိုးကွယ်ပူဇော်ထားရှိခြင်းပြုလျက် ရှိကြသည်ကိုတွေ့ရပေသည်။ ကျွန်တော်နှင့် ရင်းနှီးမှုရှိကြသော ဓမ္မမိတ်ဆွေအများစုတို့သည် ဤရုပ်ပွားတော်မြတ်အား ပူဇော်ထားရှိကြသည်။ ထို ရုပ်ပွားတော်မြတ် နှင့်စပ်၍ အဘယ်ကြောင့် ဤကဲ့သို့ အရောင်သုံးမျိုးဖြင့် စီခြယ်ထားသနည်း စသည့် အကြောင်းတရား တို့ကို ဆွေးနွေးဆက်စပ်မိရာမှ တစ်ဆင့်တက်၍ ဤစာရေးသားဖြစ်ရန် အကြောင်းပေါ်ရသည်ဟု ဆိုရပါမည်။မိမိအနေဖြင့်လည်း ပူဇော်သူအများစု သိသင့်သိထိုက် သော အကြောင်းရပ်အား တစ်ယောက်၏ အတွေ့အကြုံ တစ်ယောက်၏ လေ့လာဆည်းပူးတွေ့ရှိမှုစသည်တို့ကို စုစည်းပေါင်းစပ်ခြင်းဖြင့်ပြည့်စုံသည်ထက် ပြည့်စုံစွာ သိမှတ်၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြစေရန် ဟူသော ဆန္ဒ မွန်ဖြင့် ဤစာစောင်မှတစ်ဆင့် လေ့လာမိသမျှ အာစရိယ ပရမ္မဥပနိသျတို့ကို ဖြန့်ဝေခြင်းဖြစ်ပါသည်။ဤ ရုပ်ပွားတော်မြတ်အား စနစ်တကျကြည်ညို သဒ္ဓါပွား၍ […]
ဘုန်းတော်ကြီး ဦးသီလ၏ ပရိနိဗ္ဗာန်ခရီးနှင့် ဓာတ်တော်များ
ဘုန်းတော်ကြီး ဦးသီလသည် ခရစ်နှစ် ၁၉ဝ၆ ခုနှစ်လောက် တွင် ဘီလူးကျွန်း ကွမ်းသဲတောရ၌ ဝါဆိုတော်မူသည်။ မြစ်ဝကျွန်းပေါ် တစ်လျှောက်မှ သိမ်သမုတ်ရန် (၁၀)ဌာနက ပင့်ထားကြသည်။ဝါဆိုပြီးသော် ဘီလူးကျွန်းမှ ရန်ကုန်သို့ ကြွလာသည်။ သက်တော် မှာလည်း ၇၅ နှစ်သို့ ရောက်ခဲ့ပြီဖြစ်သည်။ ညောင်တုန်းမှ ဓနုဖြူ၊ ဇလွန်သိမ်သမုတ်ပွဲသို့ ကြွလေသည်။ ထိုနေ့သည် ခရစ်နှစ် ၁၉ဝ၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ တနင်္ဂနွေနေ့(၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၃ ရက်)ဖြစ်သည်။ထိုနေ့တစ်နေ့လုံး ရဟန္တာ ပုဂ္ဂိုလ်ထူး ဝိဇ္ဇာအကျော်အမော် ဖြစ်တော်မူသော ဘုန်းတော်ကြီး ဦးသီလသည် ဇလွန်မြို့သူ မြို့သား များအား တစ်နေ့လုံး အဖူးမြော်ခံ၍ မေတ္တာပို့ခြင်း၊ တရားဟော ခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။ အသက်အရွယ်ကြီးခြင်းကျန်းမာရေး […]
ပုပ္ပား’ဝ’တစ်လုံးဂန္ဓာရီ ဦးပန်းအေး(ဘိုးမင်းခေါင် နှင့် ပုပ္ပားတောင် သာသနာပြုပုဂ္ဂိုလ်များ)
၁၉၂၁ ခုနှစ်(မြန်မာသက္ကရာဇ် ၁၂၈၃)ခုနှစ်တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည် သမား တော်ကြီး ဦးသာတင့်(အဖ ပုပ္ပားမြို့ သမားတော်ကြီး ဦးရွှေစို)၏ ခွင့်ပြုချက်ဖြင့် ပုပ္ပားတောင်ကလာပ်ထိပ် တွင် စေတီတည်ရန် ပန္နက်ချခဲ့သည်။ ၁၉၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်(မြန်မာသက္ကရာဇ်၁၂၈၇၊ တော်သလင်းလဆုတ် ၁၂ ရက်)နေ့၌ အဘဦးသာတင့်၏ အခါတော်ပေး တွက်ချက်မှုအရ ဦးပန်းအေးသည် ပုပ္ပားတောင်ကလာပ်ထိပ်၌ ဘုရားအုတ်မြစ်ချ၍ ထိုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဉာဏ်တော် ၉ မိုက်ရှိ စေတီတော်ကို ဘုရားအနေကဇာတင်ကာ သံဃာတော်တို့ကို ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ပုပ္ပားတောင်ကလာပ် ထိပ်၌ ပွဲတော်ကျင်းပ၍ အတီးအမှုတ် တူရိယာများဖြင့် ပရိသတ်များ စည်ကားခဲ့သည်။၁၉၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် […]