News

ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံး သက်ရှိထင်ရှားကျန်နေတဲ့မင်းဆက် ဦးထွန်းအောင်

ကုန်းဘောင်မင်းဆက်နောက်ဆုံးဘုရင်သီပေါ်မင်းကိုနန်းချပြီး ၁၈၈၆ ဇန်နဝါရီ (၁)ရက်နေ့မှာဝိတိုရိယဘုရင်မကြီးအတွက်နှစ်သစ်ကူးလက်ဆောင်အဖြစ်ဗမာနိုင်ငံကိုဗြိတိသျှအင်ပါယာထဲသွတ်သွင်းခဲ့တယ်။ နှစ်ပေါင်း ၁၃၀ အကြာမြန်မာပြည်မှာကုန်ဘောင်မင်းဆက်တယောက်ရှိခဲ့ဖူးတယ်။မင်းသား Edward တော်ဘုရားထွန်းအောင် ကို ၁၉၂၄ ခုနှစ် ပြင်ဦးလွင် (မေမြို့) မှာမွေးခဲ့တယ်။မင်းသား တော်ဘုရားဦးထွန်းအောင် ဟာ၁၈၈၅ ခုနှစ်မှာထီးနန်းချခံခဲ့ရတဲ့သီပေါ်မင်းဆက်ထဲကနောက်ဆုံးကျန်နေတဲ့ပုဂ္ဂိုလ်ပါ။ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံး သက်ရှိထင်ရှားကျန်နေတဲ့မင်းဆက်အဖြစ်အသိအမှတ်ပြုပေးဖို့တော်ဘုရားဦးထွန်းအောင်ကတောင်းဆိုဖူးတယ်။မင်းသား Edward ထွန်းအောင်ဟာသီပေါ်မင်းရဲ့စတုထ္တသမီးတော်မင်းသမီးထိပ်စုဘုရား(မြတ်ဘုရားကလေး) နဲ့ ဖခမည်းတော်ဦးကိုကိုနိုင်တို့ရဲ့ဒုတိယသားတော်ဖြစ်တယ်။ ဦးထွန်းအောင်ရဲ့အကိုမင်းသား ကိုယ်တော်ကြီးနိုင်နဲ့ မင်းသမီးမြတ်ဘုရားရဲ့သမီးတော်၊မင်းသမီး ဘုရားရီတာ (Rita) နဲ့ဦးထွန်းအောင် တို့အကြောင်းပါခဲ့ပါတယ်။မောင်နှစ်မတဝမ်းကွဲခြင်းပြန်ယူထားတာဆိုပါတယ်၊ မင်းသားကိုယ်တော်ကြီးနိုင် ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်ပြည်တွင်းစစ်မှာသေဆုံးခဲ့တယ်။တော်ဘုရားဦးထွန်းအောင်မှာသားတော်ငါးယောက်၊သမီးတော်နှစ်ယောက်ထွန်းကားခဲ့တယ်။မဟာမျိုးမဟာနွယ်တော်ဝင်မျိုးတို့ရဲ့နာမည်တွေဟာအင်္ဂလိပ်အုပ်ချူပ်အောက်မှာဖြစ်လာလို့အခုခေတ်နဲ့ဆိုအနည်းငယ်ဆန်းပြားနေပါတယ်။ Richard တော်ဘုရားမြတ်ကြီး၊ David တော်ဘုရားမြတ် Edward တော်ဘုရားမြတ်ငယ် Joseph တော်ဘုရားမြတ်အေး Paul တော်ဘုရားမြတ်သိုက် Ann Marie စုဘုရားလေး Rose Marie စုဘုရားနိုင် အလောင်းဘုရားတည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ဟာ ၁၇၅၂ […]

News

ကျိုက်ထီးရိုးမှာ အော်ကီးနံ့ သော်ကေးနံ့တွေ လှိုင်လှိုင်သင်းနေရခြင်းရဲ့ အကြောင်းရင်း…

(ဘုရားလာဖူးပြီး ကုသိုလ်မရပဲ အကုသိုလ်ပဲရရင် လာတာဘာအကျိုးရှိမှာလဲ) ကျိုက်ထီးရိုးမှာ ‌သေးစော်နံခြင်း အကြောင်းအရင်းကို အဖြေရှာခဲ့တယ်။ ကျမတို့အဖွဲ့က တောင်ပေါ် ၂ ညအိပ်ခရီးမို့ ဒီဇင်ဘာ ၆ ရက် သောကြာနေ့ နေ့လည်လောက် တောင်ပေါ်ရောက်တယ်။ ဒီနှစ်မှာတော့ ကြားရက်တွေတောင် ဘုရားဖူးတွေများပြီး ရင်ပြင်မှာ အိပ်တဲ့သူတွေလည်း များပါတယ်။ အရင်လိုပဲ ဘုရားရဲ့ ဘယ်ဘက်အခြမ်းက အဆင်းလမ်းမှာ ညမွှေးပန်းနံ့တွေ မွှေးနေတုန်းပါပဲ။ အဆင်းလမ်းမှာလည်း ဘာနံ့မှမရှိ အဆင်ပြေပါတယ်။ နောက်ရက် စနေညမှာတော့ ဘုရားဖူးတွေ အရမ်းများလာပြီး ရင်ပြင်ပေါ် အိပ်တဲ့သူတွေနဲ့ ဘုရားဖူးတွေဟာ တနေရာကနေ တနေရာကို တန်းစီပြီးတိုးသွားနေရပါတယ်။ ညနက်လာချိန်မှာတော့ ရင်ပြင်ပေါ်မှာ လူပင်လယ်ကြီးလိုပဲ နေရာအနှံ့အိပ်တဲ့သူတွေနဲ့ ပြည့်နေပါတယ်။ နောက်တရက် တနင်္ဂနွေနေ့ မနက်မှာတော့ ညမွှေးပန်းနံ့တွေ မွှေးနေတဲ့နေရာမှာ သေးစော်တွေနံသလို အဆင်းလမ်းမှာလည်း […]

News

ငွေဆောင်ကို ကိုယ်ပိုင်ကားနဲ့ သွားမယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

ငွေဆောင်ကို ကိုယ်ပိုင်ကားနဲ့ လတ်တလော သွားမယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ (မောင်းတတ်ရင် ကားမထိပါဘူး) ဒီနေ့ပဲ ငွေဆောင်ကပြန်လာတာမလို့ ကိုယ့်လို ကိုယ့်ကားနဲ့ကိုယ်တက်ချင်သူတွေအတွက် ပြန်လည် မျှဝေပေးတာပါ။ ဟွန်ဒါဖစ် GE6 ပုံပြောင်းနဲ့တက်ခဲ့ပါတယ်။ လမ်းက ၄/၅ နေရာလောက်ကတော့ ဆိုးပေမယ့် ၂ နေရာပဲ အတော်ဆိုးပြီး ကျန်နေရာတွေက သတိလေးနဲ့ ကီလို ၄၀-၅၀ လောက် ထိန်းမောင်းရင် အဆင်ပြေပါတယ်။ အဓိက အဆိုးဆုံးက ဒါးကနားတချက်ရယ်၊ ကန်ကြီးထောင့်တချက်ရယ်ပါ။ ကားကိုလှိမ့်ရုံပဲ ထိန်းမောင်းလို့ရပါတယ်။ ၂ နေရာလုံးက လမ်းပြင်နေပြီမလို့ နောက်တလလောက်ဆို အဆင်ပြေလောက်ပါမယ် ။ ကန်ကြီးထောင့်အထွက်ကတော့ လမ်းပါချဲ့နေတာမလို့ ပြင်တဲ့နေရာတွေက လှိမ့်ရုံပဲမောင်းလို့ရပါမယ်။ ပန်းတနော် အဝင်နားတချက်ဆိုးပြီး ဒါးကနဲ့ ကန်ကြီးထောင့်ကြားကတော့ ကြမ်းတချက်ချောတချက်ပါပဲ။ လမ်းတွေက ပြင်ထားပေမယ့် […]

News

ကုန်ဈေးနှုန်းကြောင့် ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားတွေအတွက် တကယ် အသုံးဝင်မယ့် Food Box

ကုန်ဈေးနှုန်းကြောင့် ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားတွေအတွက် တကယ် အသုံးဝင်မယ့် Food Box (နာမည်ရဖို့ လှူနေကြတဲ့ ဆယ်လီကြီးတွေ ဒီလိုမျိုး လှူသင့်ပါတယ်) ပုံထဲမှာ မြင်နေရတဲ့ ပုံးလေးတွေကို Food Box လို့ ခေါ်တယ်။ လူသွားလူလာများတဲ့ လမ်းဆုံမှာ ပုံးလေးတွေထဲ စားစရာသောက်စရာ ထည့်ပြီး “လိုတဲ့သူ ယူ” လှူခဲ့ကြပါတယ်။ မြန်မာပြည်ကို ကို-ဗ-စ်မ၀င်ခင် ၆ လအလိုလ၂၀၁၉ ခုနှစ် ၆ လပိုင်းမှာ အတော်ကို ခေတ်စားလိုက်တယ်။ လှူကြသူ ၊ ယူကြသူနဲ့ စည်းစည်းကားကားပေါ့။ နောက်ပိုင်းတော့ “လှူသူလား ယူသူလားမသိ တနင့်တပိုး ယူလို့ဆိုပြီး မှားယွင်း စွပ်စွဲခံရတာက” စပြီး ဘယ်သူမှ Food Box မှာ သွားမယူကြတော့ဘူး ဖြစ်သွားတယ်။ ဒီပုံးလေးတွေ […]

News

ချောင်းသာမှာ တယောက် ၈၀၀၀ ပေးရတဲ့ ချက်ပို့က ချက်ပေးလိုက်တဲ့ အံ့ဩစရာ ဟင်းပမာဏ

ချောင်းသာမှာ တယောက် ၈၀၀၀ ပေးရတဲ့ ချက်ပို့က ချက်ပေးလိုက်တဲ့ ၃၅ ယောက်စာ အံ့ဩစရာ ဟင်းပမာဏ (မကိုက်ရင်လည်း မရောင်းကြပါနဲ့တော့) “မဝါ” ချက်ပို့က ၃၅ ယောက်စာမှာစားခဲ့တာ အဆင်မပြေပါဘူး။ တယောက်စာ ၈၀၀၀ ပင်လယ်စာ ၂ မျိုး အရွက်ကြော်နဲ့ လောက်လောက်ငှငှ စားရတယ်ဆိုလို့ ၁၀ ယောက်စာဟင်း ၂ မျိုးစီ၂ ပွဲနဲ့ ၁၅ ယောက်စာ ဟင်း ၂ မျိုး မှာခဲ့တာ ပုံပါအတိုင်းကိုမှ ဟင်းရည်ကျဲက စတီးချိုင့် ၄ ဆင့်နဲ့ ကန်စွန်းရွက်ကြော် ၃ ဆင့်လောက်ပါတော့ ဘယ်လိုမှ စားမလောက်ခဲ့ပါဘူး။ ဖုန်းဆက်ပြီး ဟင်းတွေ မလောက်ကြောင်းပြောတော့ တယောက်စာဟင်း ၂ မျိုးနဲ့မှာတာ အဲဒီလောက်ပဲ ရမှာပေါ့ အသုပ်တွေ […]

News

ကြည့်ရှုသူ ဆယ်ယောက်မပြည့်ဘဲ ဖြစ်နေတဲ့ နီနီခင်ဇော်ရဲ့ မြန်မာ့ပထမဆုံး ဂီတရုပ်ရှင်ကားကြီး

ကြည့်ရှုသူ ဆယ်ယောက်မပြည့်ဘဲ ဖြစ်နေတဲ့ နီနီခင်ဇော်ရဲ့ မြန်မာ့ပထမဆုံး ဂီတရုပ်ရှင်ကားကြီး (ငွေကြေးအရ မအောင်မြင်ပေမယ့် အနုပညာတန်ဖိုးအရ အောင်မြင်မလားဆိုတာကတော့) အဆိုတော် နီနီခင်ဇော် ကိုယ်တိုင် ဇာတ်လမ်းရေးပြီး ကိုယ်တိုင် ပိုက်ဆံထုတ် ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ မြန်မာ့ပထမဆုံး ဂီတရုပ်ရှင်ကားကြီး ဖြစ်တဲ့ အိပ်မက်ကာရန် ဇာတ်ကားကြီးကတော့ ရုံတင်နေပြီ ဖြစ်ပါတယ်။ ရီဗျူးရေးသူအများစုကတော့ ကောင်းမွန်တယ်လို့ ပြောကြပေမယ့်လည်း လက်တွေ့မှာတော့ ရုံတွေထဲမှာ လူအနည်းငယ်ပဲ ဝင်တယ်လို့ သိရပါတယ်။ လူဝင်များအောင် လက်မှတ်တွေကို ကုမ္ပဏီတချို့ကို အလကား ပေးထားပေမယ့် အကြိုအပို့ မရှိတာကြောင့် ရုံတွေမှာ အလွတ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်လက်မှတ် အလကားရရင်တောင် အသွားအပြန်လိုင်းကားနဲ့ မုန့်စားတဲ့ စရိတ်ပါ ထည့်တွက်ရင် တယောက်ကို တသောင်းနီးပါးမှသာ ရုပ်ရှင်လာကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါတောင် အချိန်အားနေမှ […]

News

ရေသန့်ဘူးအသစ်တွေမှာ အုန်းသီးနံ့လို အနံ့ရနေရတဲ့ နောက်ကွယ်က အကြောင်းရင်း

သောက်ရေသန့်ဘူးအသစ်တွေဝယ်သောက်ရင် အုန်းသီးနံ့လိုမျိုး သစ်သီးနံ့တွေ ရဖူးကြမယ်ထင်ပါတယ်။ ထိုအနံ့ကို အချို့က ကလိုရင်း အနံ့၊ အချို့ကလဲ အသီးနံ့ ပါအောင် တမင်ထည့်ထားတယ်၊ အချို့ကလဲ အိုဇုန်း ပိုးသ-တ်ဓာတ်ငွေ့ရဲ့အနံ့ စသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။ အမှန်တကယ်တော့ အဲဒီအနံ့ရဲ့ အရင်းအမြစ်က အက်ဆီတယ်ဒီဟိုက် (Acetaldehyde) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ ပလက်စတစ်ရေဘူးလို့ခေါ်တဲ့ (PET) ဘူးတွေကို ပြုလုပ်တဲ့အခါ မြင့်မားတဲ့ အပူချိန်နဲ့ PET ကို ပုံသွင်းရပါတယ်။ အဲဒီအခါမှာ အဆိုပါ အက်ဆီတယ်ဒီဟိုက်ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပေါ်လာပြီး PET ဘူးတွေရဲ့ နံရံအတွင်းမှာ ကျန်ရှိနေပါတယ်။ ထိုအနံ့ကို ပြင်းအားအလွန်နည်းသော (သစ်သီး)အနံ့ အဖြစ် ဖော်ပြကြပြီး ရေဘူးအတွင်း ရရှိသော အုန်းသီးနံ့ မှာ ထိုဓာတ်ကြောင့် ထွက်ပေါ်လာတဲ့ […]

News

တချိန်က နာမည်ကြီး အဆိုတော်ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦး ရုပ်ရှင်လောက ကနေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်း

၁၉၉၀ ဝန်းကျင်က အဆိုတော် ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦးရဲ့ ဖျော်ဖြေမှု ပြုလုပ်တဲ့ ဗီဒီယိုဖိုင်တခုအကြောင်းကို အဲဒီအချိန်က ပရိသတ်တွေ မှတ်မိကြမယ် ထင်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးက “ဒါလေးများ” သီချင်းနဲ့ ဖျော်ဖြေနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးဟာ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝင်ဆင်ခဲ့တယ်လို့ ဆင်ဆာအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ အင်္ကျီလက်တစ်ဖက် ပုခုံးကပြုတ်ကျနေတာကို ဗီဒီယိုရိုက်ကူးသူက ရည်ရွယ်ချက်ရှိရှိ အနီးကပ်ဆွဲယူရိုက်ကူးတာ တွေ့ရပါတယ်။ ယခုခေတ် စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ခိုင်ခင်ဦးရဲ့ ဝတ်စားဆင်ယင်မှုဟာ မူကြိုအဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ရပေမယ့် အဲဒီခေတ်တုန်းကတော့ ယခုလောက် မီဒီယာ ပျံ့နှံ့မှု အားမကောင်းခဲ့တာကြောင့် ဟိုးလေးတကျော် ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်က ဗီဒီယိုကြည့်စက်တွေ အိမ်တိုင်းမှာ မရှိသေးဘဲ ဗီဒီယိုကြည့်ချင်ရင် စက်ငှားတဲ့ […]

News

စူပါမားကတ်တွေမှာ ရောင်းတဲ့အသားတွေက ရေမပါဘူးဆိုတာ တကယ်လား

စူပါမားကတ်တွေမှာ ရောင်းတဲ့အသားတွေက ရေမပါဘူးဆိုတာ တကယ်လား (စူပါမားကတ်နဲ့ အပြင်ဈေးတို့ရဲ့ နှိုင်းယှဉ်ချက်) ကြက်သား၊ ဝက်သား၊ အမဲသား စတဲ့ အသားဆိုရင် စီးတီးမတ်မှာဝယ်၊ အိုးရှန်း မှာပဲဝယ် ဈေးထဲကထက် ပိုတန်တယ်။ ရေလည်း မထ-ိုးဘူးဆိုပြီး ညွှန်ကြတာ တွေ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အိုးရှန်း မှာပဲ အသား ဝယ်ပါတယ်။ ဈေးထဲက မဝယ်ဖြစ်တာတောင် နည်းနည်း ကြာပြီ။ ရေမထ-ိုးဘူးဆိုတာကြောင့်တော့ မဟုတ်ပါဘူး။ အဲဒီမှာက ရေမထ-ိုးပေမယ့် အအေးခဲခန်းထဲမှာထည့်ထားလို့ ရေကတော့ ပါကိုပါတယ်။ အိုးရှန်းက ဝယ်လာပြီး အသားထုပ်ကို ခဲခန်းထဲ မထည့်ဘဲ ဒီတိုင်းထားကြည့်လိုက် ရေတွေ ထွက်လာပါလိမ့်မယ်။ အဲဒီရေတွေကိုပါ ချိန်တဲ့ထဲ ထည့်ဝယ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း အခုထိတော့ အိုးရှန်း မှာ အသားတွေ ဝယ်ဖြစ်နေပါသေးတယ်။ ဈေးနှုန်းက […]

News

ဆိုရှယ်မီဒီယာကနေ အနားယူသွားပြီဖြစ်တဲ့ ဝိုင်းခြုံမ

ဝိုင်း-အုံသမ လိုက်လို့ ဆိုရှယ်မီဒီယာကနေ အနားယူသွားပြီဖြစ်တဲ့ ဝိုင်းခြုံမ (နောက်တခါ အာမချောင်မိပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်) လူမှုကွန်ရက်မှာ ပိုင်ဆိုင်မှုတွေနဲ့ အကြော်ဆိုင် ရောင်းရတဲ့ ငွေပမာဏတွေကို ပြောမိလိုက်တာကြောင့် ပွဲဖြစ်သွားတဲ့ ဝိုင်းခြုံမကတော့ လိုင်းပေါ်ကနေ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ ဝိုင်းခြုံမပေ့ကနေ နောက်ဆုံးတင်ထားတဲ့ ပို့စ်က ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် တပတ် ပြည့်တော့မှာ ဖြစ်ပြီး တပတ်အတွင်း မည်သည့် ပို့စ်အသစ်မှ တက်လာတာကို မတွေ့ရပါဘူး။ အပြင်မှာတော့ ပုံမှန်အတိုင်း ဆိုင်ဖွင့်နေပြီး နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။ ဆိုင်ရဲ့ တနေ့တာ ရောင်းအားတွေကိုပါ ပြောလိုက်တာကြောင့် အခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတဲ့ ကိစ္စတွေကို ရှင်းလင်းနေရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပရိသတ်တချို့က […]