News

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေဟာ လူနေအိမ်တွေအထိဝင်ရောက်ကာ သောင်းကျန်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေဟာ အစာရေစာရှားပါးပြီး လူနေအိမ်တွေအထိဝင်ရောက်ကာ အစာရှာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်မှာ နေထိုင်ကြတဲ့ မျောက်တွေဟာ ဘုရားဖူးခရီးသွားဧည့်သည်တွေ မလာကြ တော့တဲ့ ၂၀၁၉ ကိုဗစ်ကာလမှ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဒီနေ့အထိ အစာရေစာရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဖိုလ်ဝင်တောင်မှာ ခေတ်အဆက်ဆက် မျောက်စာရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။ “ပုံမှန်ချိန်ဆို မသိသာပေမယ့် ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအတွင်း အစားအသောက်ရှားပါးလာတော့ တောင်အောက် ရင်ပြင်မှာ လာစုဝေးတယ်။ မျောက်စာကျွေးသူတချို့ရှိပေမယ့် မလုံလောက်ဘူး” လို့ သူက မြေလတ်အသံကို ပြောပါတယ်။ အာဏာမသိမ်းခင်ကာလ ဘုရားဖူးခရီးသွားတွေပေါများချိန်မှာ တောင်ပေါ် ဘုရားအသီးသီးမှာ အစာရှာစားနေတဲ့ မျောက်တွေဟာ အခုလို ဘုရားဖူးဧည့်သည်တွေ ရှားပါးတဲ့ချိန်မှာတော့ အနီးအနားက ကျေးရွာတွေထဲ ဝင်ရောက် […]

News

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် တစ်ပြားတစ်ချပ်မှမရှိတော့တဲ့ ဘဝကနေ ဩစတြေးလျမှာ ရဲတစ်ယောက်ဖြစ်လာတဲ့ အဆိုတော် ရဲနောင်

၂၀၂၁ နောက်ပိုင်း ပိုင်ဆိုင်မှုအားလုံးကိုထားခဲ့ပြီး တစ်ပြားတစ်ချပ်မှမရှိတော့တဲ့ ဘဝကနေ ဩစတြေးလျမှာ ရဲတစ်ယောက်ဖြစ်လာတဲ့ အဆိုတော် ရဲနောင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရဲနောင်ဟာ လက်ရှိ ဩတြေးလျ နိုင်ငံ Queensland မှာ ရဲတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ သီချင်းတွေဖန်တီးသီဆိုခဲ့ပြီး ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူတစ်ဦးလည်းဖြစ်ပါတယ်။ အဆိုတော်ရဲနောင်ဟာ Arkar Production ကနေပြီး မိုဘိုင်းဖုန်းနဲ့ရိုက်ကူးထားတဲ့ Short Flim ထဲက Battle Scene နဲ့လည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သူတစ်ဦးပါ။ 2021 နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်ပွားပြီးနောက်မှာတော့ မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ပြန်လာခွင့်မရခဲ့တော့သလို သူ့ရဲ့ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သူက […]

News

သံလွင်မြစ်ထဲက ဖမ်းမိတဲ့ ထူးဆန်းတဲ့ငါးနောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

သံလွင်မြစ်ထဲမှာ ဒေသငါးမျိုးစိတ် မဟုတ်တဲ့ ငါးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ အဲဒီငါးနဲ့ ပတ်သက်ပြီး ငါးဝါသနာရှင်နဲ့ ပညာရှင်များ မှတ်ချက်ပေးထားတာတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်- မှတ်ချက် (၁) – စတာဂျင်ငါးပါ။ အအေးပိုင်းဒေသ ငါး၊ အသားထက် ဥတွေက စျေးကောင်းရပါတယ်။ ဒါက ပုံမှန်မူမှန်တွေ့ရှိမှု မဟုတ်ပါဘူး။ အဲဒီလောက်ဆိုဒ်ကလည်း စျေးကွက်မဝင်ပါဘူး။ ရေကြီးလို့ ဘယ်ကရောက်လာလည်း မသိပါဘူး။ သူတို့ကကျောက်ခေတ်ငါးမျိုးနွယ်ဝင်တွေပါ။ မှတ်ချက် (၂) – ကျောက်ခေတ်ဆိုတာထက် ဒိုင်နိုဆောလိုခေတ်ကာလ ရှေးငါးမျိုးနွယ်ဝင် ဖြစ်လို့ အရေးကြီးငါးမျိုးစိတ်အဖြစ် သတ်မှတ်တာပါ။ အကောင်တော်တော်ကြီးနိုင်သလို ဥပမာ၊ ဆင်တွေလို (သို့မဟုတ်) ဆင်တွေနီးပါး သက်တမ်းရှည်ကြာတဲ့ငါးမျိုးစိတ်ပါ။ ဥက စီးပွားရေးအရ ဈေးကောင်းပေမယ့် ရှေးကျပြီး အလွန်ရှားပါးတဲ့ငါးမျိုးစိတ်ဖြစ်လို့ အမေရိကန်လို သဘာဝတရား နားလည်တဲ့ နိုင်ငံတွေမှာ အမဥကို […]

News

ပျောက်ဆုံးသီလရှင်လေးကို တွေ့ရှိပါက သိန်း (၅၀) ပေးမည်ဟု ကြေညာချက်ထုတ်ပြန်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်မှ ပျောက်ဆုံးနေသည့် အသက်(၁၁) နှစ်အရွယ် သီလရှင်ဆရာလေးကို တွေ့ရှိပါက အကြောင်းကြားသူအား ငွေကျပ်သိန်း ၅၀ ဖြင့် ကျေးဇူးဆပ်မယ်လို့ မိသားစုဝင်များနှင့် အေးရိပ်မြိုင်စာသင်တိုက်က ကြေညာလိုက်ပါတယ်။ ဆရာလေး၏ဘွဲ့အမည်မှာ ရူပသိင်္ဂီဖြစ်ပြီး လူအမည်မှာ လရိပ်ဖြူဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ထားဝယ်မြို့မှ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်သို့ ၂၀၂၃ ခုနှစ်ကရောက်ရှိပြီး ပညာသင်ကြားနေသူဖြစ်ကြောင်း၊ ယခုထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးသစ်သို့ အသက် (၁၂) နှစ်နှင့် အသက်(၈) နှစ်အရွယ်ရှိ ဆရာလေးနှစ်ပါးနှင့်အတူ ဆွမ်းခံကြွရာမှ ညနေ ၄ နာရီခန့်တွင် အသားဖြူဖြူ၊ ဆံပင်ရွှေအိုရောင်ဆိုးထားသည့် အမျိုးသမီးတစ်ဦးက အိမ်စီးကား အဖြူရောင်(နံပါတ်မမှတ်မိ)ဖြင့် ဆရာလေး ရူပါသိင်္ဂီအားခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ […]

News

အတာသင်္ကြန် ဆိုတာမြန်မာပိုင်ဖြစ်‌ကြောင်း ထိုင်းပိုင်မဟုက်ကြောင်း ယူနက်စကိုကိုသက်သေပြနိုင်ခဲ့ပါပြီ

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း (World Intangible Cultural Heritage) ထဲကို ထည့်သွင်းပေးဖို့ ယူနက်စကိုကို လျှောက်ထားခဲ့ကြရာမှာ အခုတော့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း အဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ မြန်မာနှစ်ကူး သင်္ကြန်မတိုင်ခင် ထိုင်းရဲ့ ရေကစား ပွဲတော် ဆုန်ကရန်ကတော့ ယူနက်စကို အသိအမှတ်ပြု စာရင်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ပါဝင်ထားပြီးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာတို့ရဲ့ နှစ်ကူးမင်္ဂလာ “အတာသင်္ကြန်” ပွဲတော်ကို Intangible Cultural Heritage အဖြစ် UNESCO က အသိမှတ်ပြု စာရင်းသွင်းလိုက်ပါပြီ။ ထိုင်းက နှာတဖျားသာသွားပေမယ့် ခုတော့ နောက်ကောက်ချလိုက်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီလောက်မြန်မြန်နဲ့ ရသွားတာ တင်သွင်းဆောင်ရွက်တဲ့အဖွဲ့ကတော့ အရင် ပျူမြို့တွေတုန်းက ဦးစီးဦးဆောင် […]

News

YBS ပေါ်မှာ ခါးအဖွဲ့ ဖုန်းနှိုက်ဖို့ ဘယ်လို လှုပ်ရှားကြသလဲ (ကိုယ်တွေ့ မြင်ခဲ့ရပါတယ်)

ယနေ့ တခု သတိထားမိလိုက်တယ်။ ကားပေါ် ဖုန်းအနှိုက်ခံရတယ်ဆိုတာ များသောအားဖြင့် အတက်အဆင်းမှာ အနှိုက်ခံရတာ များပါတယ်။ လူကြပ်ချိန် အတက်မှာ ထိုင်ခုံမရမှာစိုးလို့ လုတက်တဲ့အချိန်၊ ဖုန်းကို လက်နဲ့ ကိုင်ထားတာ မဟုတ်ပဲ ဘောင်းဘီအိတ်ထဲ ထည့်ထားတယ်ဆို လူတိုးရင်းနဲ့ နှိုက်တာပါ။ ဒီနေ့ဆို နံနက် ၉ နာရီခွဲအချိန် YBS 72 ကားပေါ် ကျောက်မြောင်းမှတ်တိုင်မှ ဆူးလေးသွားတဲ့ ကားပေါ်အတက် လူများတဲ့အတွက်ကြောင့်မို့ ရှေ့က လူဆီနောက်က လိုက်တိုးတက်တဲ့ လူက နှိုက်တာ တွေ့ပါတယ်။ သူဝတ်ထားတဲ့ ဘောင်းဘီက ကြပ်တဲ့အတွက်ကြောင့်ရယ် ၊ ကျွန်တော်က အဲ့လူကို သတိပေးချင်ဇောနဲ့ ဘောင်းဘီကို နောက်ကနေ ဆွဲလိုက်တယ်။ သူလည်း သတိရသွားတယ်ထင်ပါတယ် ဘောင်းဘီအိတ်ကို သူ့လက်ထည့်လိုက်ပြီး ဖိထားလိုက်တာ တွေ့တယ်။ နှိုက်တဲ့သူက […]

News

အကြော်တွေကမတန်ဘူးပြောကြလို့ ဒဲ့ပြောလာတဲ့ ဝိုင်းခြုံမ

ဝိုင်းခြုံမ အကြော်ဆိုင်ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးကားပါကင်ပါတဲ့ သိန်းထောင်ကျော်တန် အကြော်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့တာပါ ဝိုင်းခြုံမက အကြော်ရောင်းတာလေးနှစ်ရှိပြီဖြစ်ပြီး အခုလိုဆိုင်ကြီးဖွင့်နိုင်ဖို့ ရည်ရွယ်ပြီးကြိုးစားခဲ့တာ 2 နှစ်ကြာပါတယ် ဒီ 2 နှစ်အတွင်းမှာ သိန်းထောင်ချီတန်တဲ့ ခြံနဲ့အိမ်ဝယ်နိုင်တာကို လူတချို့ကမယုံကြပါဘူး ဝိုင်းခြုံမပြောတာကတော့ အကြော်တစ်ခုကို 400 ကျပ်နဲ့ တစ်နေ့ကို အနည်းဆုံး အကြော် အခုရေ 6000 လောက်ရောင်းရတာကြောင့် အခုလိုအချိန်တိုအတွင်းချမ်းသာလာတာဖြစ်တယ်လို့သိရပါတယ် ဒါပေမဲ့ဝိုင်းခြုံမအကြော်ဆိုင်ကို စားသုံးဖူးတဲ့လူတချို့က စျေးကြီးတယ် မတန်ဘူး ၊ ဆလပ်ရွက်ကလည်း အလကားမပေးဘူးလို့ ဝေဖန်ကြတာကြောင့် အခုလိုပဲရှင်းပြလာပါတယ် ဝိုင်းခြုံမက ပညာတတ်ဖြစ်တာကြောင့် customer တွေရဲ့ကျန်းမာရေးအတွက် ဆီအကောင်းစားကိုသာသုံးထားတယ်အကြော်ပူပူကြီးကို အိတ်ထဲတန်းထည့်ရင် ကင်ဆာဖြစ်မှာစိုးလို့ စက္ကူအိတ်နဲ့ထည့်ပေးတယ် ၊ တစ်ရှူးချပေးတယ် ၊ အဲဒီစရိတ်တွေကြောင့် အကြော်တစ်ခု 400 နဲ့ရောင်းရတာဖြစ်ပြီး ဆလပ်ရွက်တွေကလည်း […]

News

ရန်ကုန်မှာ ၂၀၁၆ ကနေ ၂၀၁၉ အထိ လူငယ်ဘဝနဲ့ ဖြတ်သန်းဖူးခဲ့တဲ့သူတွေ လုံးဝပြန်မရတော့မယ့် လွမ်းစရာ အတွေ့အကြုံများ

တခြားတော့မသိပေမယ့် ရန်ကုန်မှာ ၂၀၁၆ လောက်ကနေ ၂၀၁၉ အထိ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းဖူးတယ်ဆိုရင် ဒါတော်တော်ကံကောင်းတဲ့ လူစာရင်းထဲ ပါတယ်လို့ ပြောလို့ရတယ်။ အဲဒီအချိန်တွေတုန်းက အိမ်ပြန်နောက်ကျလို့ စိတ်ပူရတယ်ဆိုတာ အမေဆူမှာ၊ အဖေဆော်မှာ ကြောက်တဲ့စိတ်လေးပဲရှိတာ။ အခုလို လမ်းမှာလူပြတ်မှာစိုးလို့၊ ပစ္စည်းရ-ိုက်လ-ုခံရမှာ ကြောက်လို့၊ တို့‌ေ-ဆးမိမှာကြောက်လို့၊ တက်စီတယောက်တည်း စီးရမှာကြောက်လို့ ဘာဆို ဘာမှခေါင်းထဲ ပူစရာမလိုဘူး။ ခေတ်ကောင်းသလို လူတွေလည်း ကောင်းခဲ့ပြီးတော့ ဘယ်သွားသွား စိတ်လုံခြုံမှုလေး ရှိနေခဲ့တာတော့ အမှန်ပဲ။ အဲ့တုန်းကတော့ မသိခဲ့ဘူးပေါ့။ အခုလို အပြင်တစ်ခါထွက်တိုင်း ပူပင်စရာတွေ ထည့်ထည့်တွေးနေရတော့မှ ‌‌ဪအရင်က တော်တော်ပေါ့ပါးခဲ့တာပါလား ဆိုပြီးသိတာ။ အရင်တုန်းကဆို လမ်းသွားရင်း လွယ်အိတ်ဇစ်ပွင့်နေရင်တောင် ပစ္စည်းနှို-က်သွားဖို့ မပြောနဲ့ လက်တို့ပြီး နောက်မှာ ဇစ်ပွင့်နေတယ်နော်လို့ ပြောသွားပေးကြတာ။ တချို့ဆို ပိတ်တောင်ပိတ်ပေးသွားသေး။ […]

News

ကျွန်တော်တို့နှစ်ယောက်ကို နယ်ထိန်းခေါင်းဆောင်နဲ့ စခန်းမှုးက မင်းတို့ထောင်ကျခံမလား ၊ ရဲထဲဝင်မလား လို့မေးတာ

ကျွန်တော် ‌အောင်စစ်သည်တစ်ယောက် ရန်ကုန်မှာတာဝန်ကျခဲ့စဉ် လွန်ခဲ့သော ၂နှစ်ခန့် ၂၀၂၂ ခုနှစ်အတွင်းကဖြစ်မည်။ ထိုတနေ့မှာ မြို့တွင်းလှည့ကင်းတာဝန်ကျချိန် ညဦးပိုင်းတွင်ပြည်ထောင်စုရိပ်သာလမ်းသို့အရောက် “သူခိုး သူခိုး “ဟု အော်ဟစ်သံများကိုကြားသောကြောင့် ကားပေါ်မှဆင်း၍ အသံများကြားရာဘက်သို့ ခပ်သုတ်သုတ်ပြေးလာခဲ့သည်။ မလေးရှားသံရုံးဘက်အရောက်တွင် လူငယ်နှစ်ဦးကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးရာ ထိုလူငယ်နှစ်ဦးမှာ ဖုန်းခိုးလာသူ ဖုန်းသူခိုးများဖြစ်နေ၍ အနီးရှိ ဒဂုံမြို့မရဲစခန်းသို့ ကျွန်တော်တို့ သွားရောက်အပ်နှံခဲ့ပါသည်။ ထိုအနီးနားတဝိုက်တွင် ဖုန်းများပျောက်ဆုံးနေမှု အလစ်သုတ်ခံနေရမှုများမှာ ထိုသူခိုးနှစ်ယောက်၏လက်ချက်ဖြစ်ကြောင်း သိခဲ့ရပေသည်။ နောက်တစ်လခန့်အကြာ ဒဂုံမြို့မရဲစခန်းဘက်လှည့်ကင်းထွက်ရင်း ရောက်ခဲ့ပြန်ရာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ရပေသည်။ တခြားမဟုတ် မိမိဖမ်းဆီးပေးခဲ့သော သူခိုးနှစ်ယောက်မှာ ရဲယူနီဖောင်း ဘောင်းဘီအပြာရောင်များ ဝတ်ဆင်လျှက် ရဲစခန်းထဲကထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။ ကျွန်တော်လည်း သိချင်ဇောကြောင့် ကားကိုရပ်တန့်စေ၍ ထိုနှစ်ယောက်ရှိရာသို့ ပြေးဆင်း၍ မေးခွန်းထုတ်လိုက်ပါသည်။ “နေပါအုံး မင်းတို့နှစ်ယောက်က ငါပြီးခဲ့တဲ့ရက်ကမှ […]

News

ရခိုင်ပြည်နယ်အရေးမှာ ပါဝင်ကူညီဖို့ တရုတ်ကတိပြု

ရခိုင်ပြည်နယ်အရေးမှာ ပါဝင်ကူညီဖို့ တရုတ်ကတိပြု တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ပေကျင်းမြို့မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေး၊ ဘာသာရေးနောက်ခံတွေရှိနေပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်တဲ့ အားလျော်စွာ တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတာတွေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အခြေအနေတွေတည်ငြိမ်အောင်၊ ပဋိပက္ခတွေ အရှိန်လျော့ကျသွားအောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် […]