News

ကျိုက်ထီးရိုးကို မသွားရ မနေနိုင်ဘူးဆိုတဲ့ သူများ မဖြစ်မနေ သိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်များ

ကျိုက်ထီးရိုးသွားမည့်သူများ ရှိရင်ပြောပြချင်လို့ပါ။ ကြားရက်သွားပါ။ လူစည်ကားတဲ့ရက်၊ ပိတ်ရက်၊ ပွဲတော်ရက် လုံးဝမသွားပါနဲ့၊ အရာရာစျေးမတန်တဆကြီးပြီး နာမည်ကြီးဟိုတယ်မှာတည်းတာ ၈၀၀၀၀ တန်အခန်းယူတာတောင် ပန်ကာတောင် မပါ (အခန်းမှာ တပ်လို့မရလို့တဲ့) အခန်းဝင်ကတည်းက အနံ့က ခြေဆီနံ့လိုလို၊ ပုတ်စော်လိုလို၊ အောက်သိုးသိုးအနံ့ကြီး တချိန်လုံးရပြီး ညဖက်အိပ်ဖို့တောင် တော်တော်အဆင်မပြေလို့ နှာခေါင်းပုဝါပတ်ပြီး အိပ်ခဲ့ရပါတယ်။ အဲဖရက်ရှာ ဖျန်းလဲမရ အဲဒီအနံ့က တော်တော်ဆိုးဆိုးပါ။ လဲစရာအခန်းလဲ မရှိ၊ ရှိတဲ့ အခန်းယူရတာပါ။ ကုတင်နဲ့အခန်းနဲ့က အတိ၊ ကျဉ်းပြီး အထုတ်တွေတောင် ထားစရာမရှိလို့ အိပ်ယာပေါ်တင်ထားရပါတယ်။ ရေချိုးခန်းအိမ်သာက သက်သက်သွားရ၊ သဘက်သွားတိုက်တံဆပ်ပြာရေဘူး ဘာဆိုဘာမှမပေးတာပါ (ပြောချင်တာက လူအရမ်းများလို့ ဘယ်အရာမှ ရွေးချယ်လို့ မရရတာ ယူရတော့ အဆင်မပြေတွေဖြစ်တတ်ပါတယ်)။ တောင်တက်တောင်ဆင်းကား နိဗ္ဗာန်စျေးတိုးသလို ပိုက်ဆံပေးစီးတာတောင် အလုအယက်တိုးကြိတ်ပြီး စီးရပါတယ်။ […]

News

ရွှေပြည်သာမြိုနယ်မှ ကိုးတန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးပြီး တရားစွဲ

ရွှေပြည်သာမြိုနယ်မှ ကိုးတန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးပြီး တရားစွဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိင်ရဲ့ပုံနဲ့ နိုင်ငံတော်ရဲ့ အလံတော်အား ဖိနပ်မှာကပ်ပြီး မိုက်ရိုင်း ဆဲဆိုခဲ့သော ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် ၊ အ.ထ.က ( ၂ ) Grade – 9 B ခန်းမှ ကိုးတန်းကျောင်းသား အခန်းခေါင်းဆောင် မောင်ဖြိုးမြတ်အောင်အား ရွှေပြည်သာမြိုနယ်တာဝန်ရှိ ပုဂ္ဂိုလ်များမှ စစ်ဆေးရန်အတွက်ဆိုပြီး နာရီပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ ကိုးတန်းကျောင်းသား မောင်ဖြိုးမြတ်အောင်အား ၅၀၅ (က) ဖြင့် သက်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင် အမှုဖွင့်သွားမယ်ဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။ ယခုဖြစ်စဥ်နှင့် စပ်လျဥ်း၍ နောတ်နောင် ယင်းကဲ့သိုအဖြစ်မျိုးမဖြစ်ပွားစေရန် မိဘ၊ဆရာများက စောင့်ကြည့် တင်းကြပ်သင့်ပါသည် မြန်မာနိုင်ငံရှိ မိဘများသည် […]

News

ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဘာဝယ်ရမလဲ မသိရင် ရွှေပိတောက်ငါးဈေးကိုသာ သွားလိုက်ပါ (ရပ်ကွက်ဈေးတွေထက် အရမ်းသက်သာပါတယ်)

ဆင်မလိုက်​စျေးမှာ ဝက်သားဒိုင်​စျေးရှိတယ်ဆိုလို့ သွားဝယ်တာ အရင် ၁၇ လမ်း သံ​စျေးမှာဝယ်​နေကျ ဝက်ဂုတ်သား ၃၃၀၀၀ ​စျေးနဲ့ဝယ်ခဲ့ပါတယ်။ ဒီ​​နေ့​တော့ ​ရွှေပိ​တောက်ငါး​စျေးမှာ ငါးဖယ်ငါးနဲ့ ကက္ကတစ်​တွေ လတ်ဆတ်ပြီး ​ပေါချက်ပဲ။ ဆိုင်တိုင်းလိုလို ပစ္စည်း ရှိတယ်။ ငါးဖယ် – ၈၀၀၀ (၃ ပိသာခြစ်ရင် ၁ ပိဿာထွက်ပါတယ်)၊ ကက္ကတစ် – ၁၄၀၀၀၊ ဒီ​ခေတ်ကုန်​စျေးနှုန်းနဲ့ ဘာဝယ်ရမလဲမသိရင် ​ရွှေပိ​တောက်ငါး​စျေးသွားပါ။ ငါးဘဲဖြူ၊ ငါးသလဲထိုး၊ ငါးနှပ်၊ ငါးဆားနယ်၊ ငါးဗျက် ပိသာလုံးမှ ​ပေါ​ပေါ​လေး​တွေရပါတယ်။ ၁ ပိဿာမှ ၃ ၄ ​ထောင်က​နေ ၇၀၀၀ ၈၀၀၀ ဆို ငါးအမျိုးအစားအ​တော်​လေးရတာမို့ ၁ပတ်စာ ဟင်းစား ​ခေါင်းစား​နေရင် အဆင်​ပြေပါ​စေပါတယ်။ ငါး​စျေးပြီးရင် သီရိမင်္ဂလာ​စျေးထဲ အသီးအရွက်ဝယ်လို့ရပါတယ်။ […]

News

နွားနို့မှာ ရေရောရုံတင် အားမရလို့ ဒီဇယ်ဆီမှာပါ ရေရောနေကြတဲ့ ရွှေပြည်ကြီးက ထူးဆန်းအံ့ဩဖွယ်ရာ အဖြစ်

အရင်က နွားနို့ထဲ ရေရောတာပဲ ကြားဖူးတာပါ။ အခုတော့ ဒီဇယ်ဆီတွေထဲမှာပါ ရေရောကုန်ကြပါပြီ။ စက်သုံးဆီ ဈေးနှုန်း အလွန်မြင့်တက်လာမှုကြောင့် ရှားပါးမှုတွေ ဖြစ်ပေါ်လာပြီး ယခုကဲ့သို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာလို့ သိရပါတယ်။ သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်ဒေသတွေကို ရောင်းချပေးတဲ့ ဒီဇယ်တွေမှာ ရေရောထားတာလို့ သိရပါတယ်။ ဒီဇယ်ဆီ တပီပါမှာ ရေ ၂ ပုံးလောက် အနည်းဆုံး ရောထားကြောင်းလည်း သိရပါတယ်။ ရေပါတဲ့ ဒီဇယ်ဆီကို သုံးမိပါက အင်ဂျင်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရေပါတဲ့ ဒီဇယ်ဆီတွေကို ရေစ-စ်ပြီးမှ ပြန်သုံးရတာကြောင့် ဝယ်ယူသူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ မသိဘဲ သုံးမိရင်တော့ စက်နဲ့ ကားတွေအတွက်ကတော့ မတွေးဝံ့စရာပါဘဲ။ စက်သုံးဆီ ဝယ်လို့ ရနေတာတောင် ထီပေါက်သလို ကံကောင်းတယ်လို့ မှတ်ယူရတဲ့ ရွှေပြည်ကြီးမှာ […]

News

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား ရွှေမန်းမေ မီးရထား သည် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြေးဆွဲခဲ့သော မီးရထားလိုင်း တခုဖြစ်ပါတယ်။ ၁၉၅၉ နှစ်ဆန်းပိုင်းမှစတင်ပြီး မြန်မာ့မီးရထား မှပြေးဆွဲခဲ့ခြင်းဖြစ်ကာ အိပ်စင်၊ အထူးတန်း၊ ရိုးရိုးတန်းတွဲဆိုင်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာလည်း တိုးတက်ခဲ့ပါတယ်။ မြန်မာ့မီးရထားမှ အထက်တန်းမီးရထားခရီးသည်များ သက်သာချောင်ချိစေရန်နှင့် သက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်၍ အထက်တန်းလူစီးတွဲသစ်များကို ဂျပန် စ-စ်လျော်ကြေးများဖြင့် ဂျပန်နိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ တွဲသစ်များကို ယခင် ပထမတန်းတွဲ နှင့် ဒုတိယတန်းတွဲများတွင် အစားထိုးပြီး ရန်ကုန်-မန္တလေး အစုန်အဆန် စာပို့ရထားများ အဖြစ် ပြေးဆွဲစေခဲ့ပါတယ်။ အထက်တန်းတွဲသစ်ကြီးများတွင် ရွှေမန်းမေ ၊ ဒဂုံမေ စာတမ်းများချိတ်ဆွဲထားခဲ့ပါတယ်။ […]

News

လူလေးယောက်စားတာ ၆၇၀၀၀ ရှင်းလိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းက ဂျင်းဆိုင် (ဘယ်ဆိုင်မှာ စားစား ဈေးမေးပြီး စားကြပါ)

လူလေးယောက်စားတာ ၆၇၀၀၀ ရှင်းလိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းက ဂျင်းဆိုင် (ဘယ်ဆိုင်မှာ စားစား ဈေးမေးပြီး စားကြပါ) ကျိုက်ထီးရိုးဘုရားကို ၇-၁၁-၂၀၂၄ နေ့ကသွားလည်ဖြစ်တာ တောင်ခြေမှာတည်းဖြစ်တော့ အဆင်မပြေတာလေး မျှဝေချင်လို့ပါ။ ညဘက် ထိုင်းအစားအစာအစုံရတယ်ဆိုလို့ လူလေးယောက် ကြက်ကြာဇံကြော် ၂ ပွဲနဲ့ထမင်းကြော်တပွဲ၊ အစိမ်းကြော်တပွဲ၊ ကြက်ဉနဲ့ ထမင်းဖြူတပွဲ ကော်ဖီ ၂ ခွက်မှာစားတာ ၆၇၀၀၀ ပေးလိုက်ရတယ်။ ပြောချင်တာက တကယ် ရန်ကုန်ကနာမည်ကြီးဆိုင်တွေ အဲလောက်စျေးမများဘူး ဘုရားကိုပိုလှူပြီး ချွေတာစားမယ်ဆိုမှ စျေးကအဆမတန်။ ကျိုက်ထီးရိုးဘုရားက ဂျင်းစားသောက်ဆိုင် နောက်တဆိုင်အကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်- ခရီးသွားရင် ကိုယ်ကဘယ်လောက်ဖြစ်ဖြစ် အဆင်ပြေတယ်ဆိုရင်တော့ မမေးပါနဲ့။ မဟုတ်ရင်တော့ ဈေးကိုမမှာခင်တည်းက မေးတာကောင်းတယ်။ ကိုယ်တွေသွားတုန်းက ဘူးသီးကြော်ပျော့ပြီး ဆီတွေဝနေတာ တပွဲကို ၆၀၀၀၊ ဝက်သားသုပ်ဆိုပြီး လာတာက […]

News

ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု)

ဘယ်တုန်းကမှ ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု) အော် အံဩပါရဲ့ အဆိုတော် သီချင်းဆိုတာ ဘာဆန်းလို့လဲ ဟိုအရင်ထဲကလည်း ဆိုတယ် အခုလဲဆိုတယ်။ ကိုယ့်ဝမ်းစာ အတွက်လည်း ဆိုတယ်။ အများအကျိုးအတွက်လည်း ဆိုတယ်။ ဘာမှမရှိခင်ထဲက ကိုယ်ဆိုလို့ရတဲ့ ငွေကြေးထဲက ဆယ်ဖို့ တဖို့ကိုလည်း အားပေးတဲ့ ပရိတ်သတ်အတွက် ရည်ရွယ်ပြီး လှူဖို့ အမြဲချန်ထားပြီး လိုအပ်တဲ့နေရာတွေမှာအမြဲလှူတယ်။ ဟိုးအရင်ကလည်း လှူတယ်။ အခုလည်း လှူတယ်။ ပိုရှာနိုင်ရင် ပိုလှူတယ် ဘာဖြစ်လို့လဲ။ အခုလိုအခြေအနေမှာလည်း သီချင်းလည်းဆိုတယ် ကားမောင်းပြီး ပစ္စည်းလည်း လိုက်ပို့တယ်။ စားစရာ […]

News

ရွှေဆိုင်ပိုင်ရှင်အားသေနတ်နှင့်ပစ်ခတ် ပြီးရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွား

ရွှေဆိုင်ပိုင်ရှင်အားသေနတ်နှင့်ပစ်ခတ် ပြီးရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွား မကွေး၂၀၂၄နိုဝင်ဘာ(၂၈) မကွေးတိုင်းဒေသကြီး မကွေးမြို့ သုခိတာလမ်းအနောက်ဘက် မဲထီးလမ်းတိုဆိုင်တန်းလျားရှိရွှေဆိုင်တွင်ဆိုင်ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်၍ယနေ့နိုဝင်ဘာ(၂၈)ရက်နေ့လည်ပိုင်းက ရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွားခဲ့ကြောင်းသက်ဆိုင်ရာမှသိရ သည်။ အဆိုပါ ရွှေဆိုင်သို့ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီးရွှေထည် ပစ္စည်းများထုတ်ပေးရန်ပြောဆိုကာ ရွှေထည်ပစ္စည်းများထားရှိသည့် ကောင်တာမှန်အားတူနှင့်ရိုက်ခွဲပြီး ဆိုင်ရှင်အားသေနတ်နှင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများလုယက်ကာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး သွားကြောင်းသိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်၏ ဝဲဘက်လည်ပင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်မကွေးမြို့ ပြည်သူဆေးရုံကြီးတွင်တက်ရောက် ဆေးကုသလျက်ရှိကြောင်းသိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍နယ်မြေခံရဲတပ် ဖွဲ့မှပြစ်မှုကျူးလွန်ထွက်ပြေးသူနှစ်ဦး အားဖမ်းဆီးရမိရေးအတွက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

News

တကိုယ်ကောင်းသမား ဈေးသည်တွေနဲ့ ပြောမရ ဆိုမရ ကလေးတွေကြောင့် နာမည်ပျက်တော့မယ့် ပုဂံ (ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်မှုဆိုတာ ပုံပြင်ဖြစ်သွားပြီလား)

တကိုယ်ကောင်းသမား ဈေးသည်တွေနဲ့ ပြောမရ ဆိုမရ ကလေးတွေကြောင့် နာမည်ပျက်တော့မယ့် ပုဂံ (ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်မှုဆိုတာ ပုံပြင်ဖြစ်သွားပြီလား) အခုနောက်ပိုင်းပုဂံအကြောင်းလေး ရေးချင်လို့ပါ။ ကျမက ပုဂံမြို့လေးကို အရမ်းချစ်လို့ တလတခါလောက်သွားပါတယ်။ မွန်ပြည်နယ်ကနေသွားတာပါ။ အခုနောက်ပိုင်းကျ စိတ်ပျက်စရာတွေ များလာပါတယ်။ နာမည်ကြီးဘုရားတွေဆို မသွားရဲတော့ဘူး။ စျေးသည်တွေ အရမ်းဆ-ိုးပါတယ်။ မလိုအပ်လို့ မဝယ်ဘူးပြောရင် ဆူပုတ်ဆောင့်အောင့်နေရော ပေါ်တင်လဲပြောပါတယ်။ ဘုရားပန်းတောင် ဝယ်မကပ်နိုင်ဘူးတဲ့။ပြီးတော့ ဓာတ်ပုံရိုက်ပေးတဲ့ကလေးတွေ သူတို့ရိုက်တာကို ကြိုက်တဲ့သူကကြိုက်မယ်။ မကြိုက်တဲ့သူက မကြိုက်ဘူးလေ လာမေးလို့ မရိုက်တော့ပါဘူး ကလေးရယ်လို့ ချိုချိုသာသာပဲပြောပါတယ်။ မရပါဘူး အတင်းလိုက်တာပါ။ တဂျီဂျီနဲ့ ကျမတို့လင်မယားက ကိုယ့်ကင်မရာနဲ့ကိုယ်ရှူခင်းပုံလေးတွေ ဦးစားပေးရိုက်တာပါ။ ဘာပြောလဲဆိုတော့ သူတို့ဘာသာရိုက်ရင် တော်တော်လှမယ့်ရုပ်တွေတဲ့ ကိုယ့်မိဘအရွယ်တွေကိုပြောတာပါ။ အဆိုးဆုံးကလောကနန္ဒာဘုရားက ကလေးအဖွဲ့ပါ အချင်းချင်းလဲ ဆဲဆိုမိုက်ရိုင်းတာ နားမခံဝံ့ပါဘူး။နောက်တခုက ရွှေဂူကြီးဘုရားက […]

News

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး)

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး) မနေ့က ကျွန်တော်ကိုယ်တိုင် လေဆိပ်မှ ခရီးစဉ် reject ထိခံရပြီး ပြန်ခဲ့ရတဲ့အတွေ့အကြုံလေးနဲ့ လေဆိပ်မှာ တကယ် ဆောင်ရန် ရှောင်ရန်ကို ရေးပေးလိုက်ပါတယ်။ နောက်လူတွေအတွက် အထောက်အကူဖြစ်အောင်ပါ။ အဓိက သူတို့က ပတ်စ်ပို့ စာအုပ်အသစ်နဲ့ တစ်ခါမှ မထွက်ရသေးတဲ့ သူတွေကတော့ တော်တော်ကို အဆင်မပြေတာပါ။ ကျွန်တော်အဟောင်းစာအုပ် မှာ ထွက်ထားတာတွေ တွဲပြတာတောင် စဦးဆုံး သူတို့ မေးတာက ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဟိုတယ် ငွေချေထားတာပြ၊ လေယာဉ် လက်မှတ် အသွားအပြန်ပြ ၊ ရှိုးမန်းနီးပြ။ အလည်သွားမယ်။ ရှော့ပင်း ထွက်မယ်။ အွန်လိုင်းရှော့ လုပ်တော့ […]