ထိုင်းရောက်နေတဲ့ မြန်မာ့ရုပ်ရှင်ရုံထိုင်ခုံတွေ နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းရင်း လတ်တလော လူမှုကွန်ရက်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ထိုင်းနိုင်ငံရဲ့ ဆိုင်တခုမှာ တွေ့ရတဲ့ မြန်မာ့ရုပ်ရှင်ရုံ ထိုင်ခုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းပုံစံပြင်ဆင်ထားတဲ့ ဆိုင်မှာ မြန်မာစာရေးထားတဲ့ သစ်သားခုံတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ထိုင်းကို လူတွေတင် သာမက ခုံတွေပါ ရောက်လာကြတဲ့လို့ နောက်ပြောင်နေကြပါတယ်။ခုံမှာရေးထားတဲ့ အောင် စီးနီးမား (အောင် ရုပ်ရှင်ရုံ) ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တည်ရှိခဲ့ပြီး ရုပ်ရှင်မပြဘဲ နှစ်ပေါင်း များစွာ ကြာအောင် ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံ ဖြစ်ပါတယ်။ အဲဒီနောက် တရုံလုံးကို ရောင်းချခဲ့ပြီး အဲဒီကနေ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အောင် ရုပ်ရှင်ရုံကို ၁၉၅၈ […]
News
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားတာတောင် တောင်းပန်ပြီး ဝယ်စားရတဲ့ အမြန်လမ်း ၁၀၅ မိုင် မိတ္ထီလာ ကြက်ကြော်ဆိုင် (တခါဆက်ဆံ ဆယ်ခါလန်ပါပဲ)
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားတာတောင် တောင်းပန်ပြီး ဝယ်စားရတဲ့ အမြန်လမ်း ၁၀၅ မိုင် မိတ္ထီလာ ကြက်ကြော်ဆိုင် (တခါဆက်ဆံ ဆယ်ခါလန်ပါပဲ) ၁၀၅ မိုင် ကြက်ကြော်ဆိုင် မိတ္ထီလာ၊ တကယ်ကို သည်းမခံနိုင်ခဲ့လို့ ပြန်တွေးတိုင်း တရက်တိုတာမို့ တင်ဖြစ်တယ်။ ဆိုင်တော်တော်များများက အောင်မြင်လာတဲ့ ဒ-ဏ်မခံနိုင်ကြဘူး။ မိတ္ထီလာ အမြန်လမ်း ၁၀၅ ကြက်ကြော် ဆိုင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသွား အပြန်အမြဲဝင်စားနေကြ ပုံမှန် ဖောက်သည် တယောက်၊ ဘယ်ဆိုင်မှမစား အဲဒီကျမှဘဲ ထိုင်စား ပါဆယ်သယ်တာ ဆိုင်ကြီး ချဲ့ချဲ့လာ ဆားဗစ်ကတော့ အသကုန် ညံ့လာတာ။ ဒီနေ့ မန္တလေး အသွား ဝင်စားဖြစ်တယ်။ စားပွဲလွတ်တာ ထိုင်တော့ ရှေ့လူ တွေစားထားလို့ မသိမ်းရသေး၊ ခေါ်ရှင်းခိုင်းတော့ မကြားချင်ယောင်ဆောင်ထွက်သွားတာ […]
အကြော်ရောင်းပြီး သိန်းသုံးထောင် ချမ်းသာသွားတဲ့ ဝိုင်းခြုံမ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း
အကြော်ရောင်းတာ သိန်းထောင်ကျော် ချမ်းသာနေလို့ အားကျခံနေရတဲ့ မိန်းကလေး နာမည်က ဝိုင်းခြုံမ တဲ့။ အညာဒေသက မိန်းကလေးတွေရဲ့ ငယ်နာမည် တခုပေါ့။ နာမည်နဲ့တင် အညာ အငွေ့အသက်က ပါပြီးနေပြီ။ အကြော်ရောင်းရင် အဲ့လောက်ချမ်းသာတာ အမြတ်အများကြီး တင်လို့နေမှာပေါ့ ဆိုသူတွေလဲ တွေ့ရတယ်။ တကယ်တော့ သမာအာဇီဝ ချမ်းသာလာတာမို့ အားကျ အတုယူစရာပါ။ အကြော်ရောင်းတယ်ဆိုပေမယ့် သူက သူ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ကို နားလည် နှံ့စပ်ပုံရပါတယ်။ အွန်လိုင်းမှာ ကြော်ငြာတင်ထားတဲ့ အကြော်ဗန်းရဲ့ Display ကို ကြည့်ပါ။ စားချင်စရာ product display နဲ့ ဆွဲဆောင်ထားတယ်။ နောက် သူ့ ရဲ့ public relationship အရမ်းကောင်းပါတယ်။ အကြည်ဓာတ်နဲ့ အင်တာဗျူးတွေ ဖြေနေတာ သိသာပါတယ်။ အဓိကအချက်ကတော့ […]
ကွယ်လွန်သူ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ကို ဒဲ့ဝေဖန်လိုက်တဲ့ မင်းဂွတ်သီးလေး စုစုစံ (နာမည်ကြီးတော့ မာနပါ ကြီးသွားပြီလား)
အွန်လိုင်းပေါ်မှာ မိုးလေဝသ သတင်းတွေ တိကျမှန်ကန်လွန်းလို့ မိုးမင်းသမီးလေးလို့ နာမည်ကြီးနေတဲ့ စုစုစံကတော့ ကွယ်လွန်သူ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ကို ဒဲ့ဝေဖန်လိုက်ပါတယ်။ ဝေဖန်မှု အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်ပါတယ်- “ဦးထွန်းလွင်ထံမှ ပညာသင်ယူခဲ့ခြင်း မရှိပါဘူး။ ရှေးရိုးတွေ မကြိုက်နှစ်သက်ပါ။ တိုင်းနဲ့ ပြည်နယ် နေရာကျဲကျဲ နေရာစိတ်စိတ်၊ ရွာရန် ရာနှုန်း ဘယ်လောက်ဆိုတာတွေက တောင်သူလယ်သမားတွေအတွက် ထိရောက်တဲ့ အကျိုးပြုမှု မရှိပါဘူး။ အဆင့်မြင့် ပညာရပ်သည်သာ ခရိုင် မြို့နယ်တွင်မက ကျေးရွာတွေအထိ လိုက်ခန့်မှန်းပေးနိုင်ပြီး ရွာမယ်ဆိုရင် အတိအကျရွာတယ်။ ရက်ဝေးတွေ လဝေးတွေအထိ ခန့်မှန်းပေးနိုင်တယ်။ ဒါကြောင့် ပညာရပ်ခြင်း မတူပါဘူး” လို့ ဝေဖန်သွားခဲ့ပါတယ်။ ထိုသို့ ဝေဖန်လိုက်တာကြောင့် မိုးလေဝသသတင်းစောင့်ဖတ်သူတွေကတော့ စုစုစံ တယောက် နာမည်ကြီးလို့ မာနပါကြီးသွားပြီလားလို့ မှတ်ချက်ပေးနေကြပါတယ်။ […]
မြန်မာပြည်မှာ အသက် (၈) နှစ်နဲ့ ပထမဆုံး ရိုက်တဲ့ ရုပ်ရှင်မှာ အကယ်ဒမီဆု ရရှိခဲ့သူ
၁၉၇၇ ခုနှစ်ဝန်းကျင်ခန့်က ပြသခဲ့တဲ့ “အဖတစ်ခု သားတစ်ခု” ရုပ်ရှင်ကားဟာ ဖခင်နဲ့ သားတို့ကြားက မေတ္တာသံယာဇဉ်ချစ် ခြင်းတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ နာမည်ကျော် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားရိုက်တော့ ဦးအောင်ထွန်းလေးက အသက် ၈ နှစ်သာရှိပါသေးတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားက သူ့အတွက် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အကယ်ဒမီဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါ။ အရွယ်နဲ့မလိုက်အောင် အငိုခန်းတွေ ပိုင်နိုင်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အခုလိုပဲပြောပြခဲ့ပါတယ်။ “အဓိကကတော အဲ့ဒီ့ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာဦးနန္ဒရဲ့ သင်ပြပေးမှုတွေပါ့။ အမှန်ဆိုရင် အဲ့ဒီ့ကားတုန်းက သိပ်မငိုတတ်သေးဘူး။ နောက်ပိုင်းကားတွေမှ တကယ်ငိုတတ်တာ။ အဲဒီတုန်းကဆို လုပ်ငိုရတဲ့အပိုင်းတွေများတယ်။ ဒါပမယ့် ဒါရိုက်တာရဲ့ ကင်မရာရှုထောင့်တွေနဲ့ဆိုတော့ သိပ်မသိသာဘူး၊ အဲဒီတုန်းက ငိုရတာတွေကလည်း ဦးစိန်မြင့်က ရိုက်တော့ ကလေးဆိုတာ့ ပိုငိုတာပေါ့။ ငိုခန်းဆိုရင် […]
ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့)
ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့) ကျိုက်ထီးရိုးကပြန်လာသူတယောက်ရဲ့ မှတ်ချက်။ နောက်ဘယ်တော့မှ ထပ်မသွားတော့ဘူး။ ဘာဖြစ်လို့တုန်း ရင်ပြင်ပေါ် မှာ ကြမ်းပြင်တွေ မတရားညစ်ပတ် နင်းထားရတဲ့ ကိုယ့်ခြေထောက်တောင် ကိုယ်ရွံ၊ စားစရာအကြွင်းအကျန်တွေ ပလားပလဲ အဲလိုညစ်ပတ်တဲ့ရင်ပြင်မှာ ဘုန်းကြီးကျောင်းတွေကငှားစားထားတဲ့ စောင်၊ခေါင်းအုံးတွေ ချခင်းပြီးလှမ်းထား၊ အိမ်သာများ မတော်မတရား ညစ်ပတ်နံစော်နေပြီး ဘုရားဝတ်ပြုတဲ့ ရင်ပြင်အထိ တကြိုင်ကြိုင် တလှိုင်လှိုင်နံစော်၊ ထမင်းစားတန်းအဆင်း လမ်းဘေးတလျောက်ရောင်းတဲ့ မနက်စာ ကောက်ညှင်းပေါင်းသည်တွေဆီမှာ ယင်ကောင်တလောင်းလောင်း၊ ထမင်းစားနေတုန်း အော်ကီးနံ့က အသော်ကေနံလို့ ငွေရှင်းပြီမစားပဲ ထားခဲ့၊ တည်းခဲ့တဲ့ဟော်တယ်မှာ ဒေါ်လာနဲ့ရှင်းရတဲ့ တပွဲ ၄၀၀၀၀ ကျော်တန်ကို အဖွဲ့သားတွေနဲ့ စုပြုံစား၊ မနက်စောစော ဘုန်းကြီးတွေ တန်းစီရပ်ခိုင်းထားပြီး ထမင်းနဲ့ဟင်းနည်းနည်းလေးစီထုပ်ထားတဲ့အထုပ်တွေကို တထုပ်တထောင် […]
ဇော်ဝင်းထွဋ် အမြဲ အားပေးတဲ့ မင်းဓမ္မမော်ကြီးထမင်းကြော်ဆိုင်
စားကောင်း ၊ ဈေးတန် ၊ သန့်ရှင်းတဲ့အပြင် စေတနာလည်းကောင်းတာမို့ ဂီတလောကရဲ့ ဒိတ်ဒိတ်ကျဲတွေနဲ့ အနုပညာရှင်တွေအမြဲစားကြတဲ့ မြန်မာထမင်းကြော်နဲ့ဟင်းအစုံ ရောင်းတဲ့ဆိုင်လေး ဖြစ်ပါတယ်။ မင်းဓမ္မမော်ကြီး ထမင်းကြော် ဘယ်လိုစခဲ့လဲ။ ထမင်းဆိုင်လုပ်ငန်းကို စတင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ နာမည်ကို ဆိုင်ဖွင့်လှစ်တဲ့ နေရာနဲ့ တွဲပြီးပေးဖြစ်တာကြောင့် မင်းဓမ္မ မော်ကြီး ထမင်းကြော်ဆိုတာ ဖြစ်လာခဲ့တာပါ။ ရပ်ကွက်အတွင်းလမ်းလေးမှာ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ထမင်း ၊ ဟင်းရောင်းချခဲ့ပြီး ရပ်ကွက်နေပြည်သူတွေရဲ့ အကြံပေး ၊ တောင်းဆိုမှုကြောင့် မင်းဓမ္မလမ်းမကြီးပေါ်မှာ ထမင်းကြော်ဆိုင်စတင်ဖွင့်လှစ်ခဲ့တာ (၄) နှစ်ခန့်ရှိပါပြီ။ “ဆိုင်က စဖွင့်တာက ကျိုက်ဝိုင်း ဗိုလ်ချုပ်လမ်းပေါ့။ အိမ်က လမ်းအတွင်းထဲမှာဆိုတော့ အဲဒီမှာပဲ အမေက ထမင်းဆိုင်လေးစဖွင့်တာ ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ထမင်း၊ဟင်းရောင်းတာပေါ့။ နောက်ပိုင်း ဒီလမ်းမကြီးပေါ်မှာ […]