ဒီအဖြစ်အပျက်လေးဟာ..ကျနော်လူပျိူပေါက်အရွယ်..အသက်၁၄နှစ်လောက်ကဖြစ်ပျက်ခဲ့ပြီး…သိပ်ကိုကြောက်စရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဒါကြောင့်ကျနော်ကိုယ်တိုင်ကြုံခဲ့ရတာကို…အဖြစ်မှန်အတိုင်းရေးသားတင်ဆက်သွားပါ့မယ်။
ကျနော်တို့နေတဲ့တောမကမြို့မကျ..ကွက်သစ်မြို့ငယ်ကလေးဘေးမှာ…ဧက၅၀လောက်ရှိတဲ့ဂေါက်ကွင်းကြီးတစ်ကွင်းရှိပါတယ်။ဂေါက်ကွင်းဆိုပေမယ့်…အများထင်ကြသလိုမြက်ခင်းစိမ်းစိမ်းတွေ..ရေကန်လေးတွေနဲ့လှလှပပဂေါက်ကွင်းမျိူးတော့မဟုတ်ပါဘူး။ကျနော်တို့မြို့ငယ်လေးမှာ…အစိုးရပိုင်စက်ရုံကြီးတစ်ရုံနဲ့စစ်တပ်၃တပ်လောက်ရှိတော့…စက်ရုံကစက်ရုံမှူး၊ဒုစက်ရုံမှူး…စစ်တပ်ကတပ်ရင်းမှူး၊ဗိုလ်မှူး၊ဗိုလ်ကြီးစတဲ့အရာရှိအရာခံတွေ…အပန်းဖြေဂေါက်ရိုက်လို့ရအောင်အဖြစ်သဘောမျိူး..ဆောက်ထားတဲ့ဂေါက်ကွင်းမျိူးပါ။ဒါပေမယ့်..ကျင်းစိမ်တဲ့ဂေါက်ခုံကိုတော့မြက်ခင်းစိမ်းစိမ်းနဲ့..ကျကျနနလုပ်ထားပါတယ်။
ထားပါတော့။ဒါကဂေါက်ကွင်းနဲ့ဒီဇာတ်လမ်းက..ဆက်စပ်နေလို့ခဏရှင်းပြတာပါ။ပြောရရင်အဲ့ဒီဂေါက်ကွင်းက..ရာဇဝင်ရှိတယ်။ဘာရာဇဝင်လဲဆိုတော့…ဒီဂေါက်ကွင်းမဆောက်ခင်ကမြေနေရာဟာ..ကျနော်တို့မြို့ငယ်လေးတစ်ခုလုံးရဲ့..သုဿန်သင်္ချိုင်းမြေနေရာဖြစ်နေလို့ပါပဲ။အုတ်ဂူတွေဘာတွေနဲ့..ကျကျနနမရှိပေမယ့်…မြေပုံမို့မို့တွေကတော့..လက်ညှိုးထိုးမလွဲပါပဲ။
နောက်လအနည်းငယ်အကြာရောက်တော့…အထက်ကစီမံချက်ရောက်လာတယ်ဆိုပြီး..အဲဒီသင်္ချိူင်းကိုဖျက်ပြီး..ဂေါက်ကွင်းဆောက်ဖို့စီစဉ်ကြပါတယ်။မြေတူးစက်တွေဘူဒိုဇာတွေမြေသယ်ကားတွေနဲ့..အချီကြီးကိုလုပ်ကြတာပါ။မြေပုံတွေလူအရိုးစုဟောင်းတွေစတဲ့အမှိုက်သရိုက်များကို..ရှင်းလင်းပြီးတဲ့အခါ..အဲဒီဂေါက်ကွင်းတည်ဆောက်ရေးအဖွဲ့မှာ..အကြီးအကဲလို့ထင်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်က..မြေကွက်လပ်လေးဆီကို..ဆယ်ဘီးကားမြေသယ်ကားနှစ်စီးကိုမောင်းလာခိုင်းပြီး..”ကဲ…မင်းတို့ကိုနေရာပြောင်းပေးမယ်။ငါတို့လည်းအထက်ကကျလာတဲ့…အမိန့်အာဏာအရ…လုပ်ရတာမို့…အခုမင်းတို့ကိုပြောင်းပေးမယ့်…နေရာကိုဒီကားနှစ်စီးကလိုက်ပို့ပေးလိမ့်မယ်။အခုတက်ကြတော့…ဘယ်သူမှနေခဲ့လို့မရဘူးနော်…ဒါအစိုးရရဲ့အာဏာအမိန့်ပဲ။ခေါင်းမာပြီးနေခဲ့တဲ့ကောင်…ကိုယ်ဖြစ်ကိုယ်ခံ”…ဆိုပြီးဘာမှမရှိတဲ့နေရာကိုလက်တွေယမ်းပြီးပြောနေတယ်။
အဲဒီတုန်းကကျနော်တို့မိသားစုကလည်း…သင်္ချိူင်းနဲ့မလှမ်းမကမ်းမှာနေတာဆိုတော့…လာကြည့်ကြတာပေါ့။ပြီးတော့သင်္ချိူင်းကမကျွတ်မလွတ်တဲ့သူတွေ…နေရာပြောင်းရွှေ့ပေးမယ့်နေ့ဆိုတော့…ကလေးရောလူကြီးပါစိတ်ဝင်တစားနဲ့လာကြည့်ကြတာ…အုံးအုံးကိုထနေတာပဲလေ။
အဲဒီပုဂ္ဂိုလ်ကပြောအပြီးမှာ…ကားနှစ်စီးကဆယ်မိနစ်လောက်ရပ်ပြီးစောင့်နေတယ်။(ခုကြီးလာမှပြန်တွေးမိတယ်…ကားဒရိုင်ဘာတွေကအတော်ကိုသတ္တိရှိတာပဲလို့…ကျနော်တို့သာဆို…ဒီလိုမောင်းရဲမှာမဟုတ်ဘူးလေ)
ကျနော်တို့လူအုပ်စု…ကြည့်နေကြရင်းနဲ့…ဆယ်ဘီးကားကြီးနှစ်စီးဟာ…ကားခေါင်းတစ်ဖြည်းဖြည်းမော့လာပြီး…ကားနောက်ပိုင်းကသိသိသာသာနိမ့်ဆင်းသွားတယ်။
အံ့သြစရာကောင်းလိုက်တာ။ကားဘီးတွေကလည်း…ပြားကာနီးပြီ။ကားကိုလှမ်းကြည့်တော့…ဘာမှမရှိ။(အဲမြင်ကွင်းဟာခုချိန်ထိ…မြင်ယောင်နေသေးတယ်)
ကားသမားကြီးတွေကခုနကလူကြီးကိုလှမ်းပြောလိုက်တယ်။
“ဆရာ…လုပ်ပါဦးဗျ။အိုဗာဝိတ်ဖြစ်နေပြီ။ကားထွက်မရဘူး။မောင်းသွားရင်…ကျနော်ပါသေသွားဦးမယ်”…လို့ပြောလိုက်တော့ဆရာဆိုတဲ့လူကြီးကခနကလိုပဲ…ဘာမှမရှိတဲ့နေရာကိုကြည့်ပြီး…လက်တွေဝှေ့ယမ်းကာ…”ဟေ့ကောင်တွေ..အဲ့လောက်လုမတက်ကြနဲ့လေ။ဒီမှာကားထွက်လို့မရတော့ဘူး။ပြန်ဆင်းကြ…။နောက်ကားနှစ်စီးထပ်ခေါ်ပေးမယ်…။ဘုရား…ဘုရား…။ငါထင်ထားတာထက်တောင်ပိုများနေပါလား”…ဆိုပြီးရင်ဘတ်ဖိရင်း…နောက်ထပ်မြေသယ်ကားနှစ်စီးထပ်ခေါ်ပြန်တယ်။
နောက်ကားတွေရောက်လာမှ…ရှေ့ကားနှစ်စီးလည်းပုံမှန်ပြန်ဖြစ်သွားတော့တယ်။လူကြီးလည်းလက်ပိုက်ပြီးရပ်ကြည့်နေတယ်။ဒီကြားထဲ…”ဟေ့ကောင်တွေ…လုမတက်ကြနဲ့လေ။ဟိုမှာကားသမား…စောင့်ပေးနေတယ်။လေးစီးတောင်ရှိတာကို…”…ဆိုပြီးဘာမှမမြင်ရတဲ့ကားပေါ်ကိုလှမ်းအော်ပြောနေတယ်။
ခဏနေတော့…အဲဒီလူကြီးက…”ကဲ…ကုန်ပြီမဟုတ်လား။မင်းတို့အကုန်လုံးကုန်သွားပြီဆိုရင်…ဟောဒီဖန်ခွက်ထဲကရေကို…မှောက်ပြ”…ဆိုပြီးမြေကြီးပေါ်ရေအပြည့်ထည့်ထားတဲ့…ဖန်ခွက်တစ်ခွက်ချပေးလိုက်တော့…သိပ်မကြာခင်မှာပဲ…ဖန်ခွက်ဟာတစ်ယောက်ယောက်က…တိုက်ပြီးမှောက်လိုက်သလို…ရေတွေအကုန်လုံးမှောက်သွားတာ…အံ့သြစရာတွေ့လိုက်ရတယ်။
ကျနော်တို့လူအုပ်ကြီးလည်း…အံ့သြလွန်းလို့..အချင်းချင်းဘာစကားမှတောင်မပြောနိုင်တော့ဘူး။
အကုန်လုံးကကြောက်ကြောက်လန့်လန့်နဲ့….လှမ်းကြည့်နေကြတယ်။စိတ်ဝင်စားတာလည်းပါတာကိုး…။
ဖန်ခွက်မှောက်သွားတော့လူကြီးက…”ဒါဆိုကောင်းပြီ။မင်းတို့အကုန်လုံးနီးပါးပါသွားတယ်လို့…ငါယူဆတယ်။ပြောမရဆိုမရကောင်တချိူ့လည်းကျန်နေသေးတယ်။မင်းတို့ဘာဆက်ဖြစ်မလဲ…ငါမပြောတော့ဘူး”…ဆိုပြီးနှုတ်က…ဂါထာတစ်ပုဒ်ကိုခပ်တိုးတိုးရွတ်ပြီး…ထိပ်ဆုံးကကားကြီးပေါ်တက်လိုက်သွားတော့တယ်။

အဲလူကြီးပြောပုံအရ…ကျန်ခဲ့တဲ့သူတွေရှိသေးတယ်ဆိုတာကြားလိုက်ရတော့…အကုန်လုံးကြက်သီးပါထကုန်တယ်။ကြည့်ရတာ…ဒီလူကြီးကလည်း…အစိုးရဝန်ထမ်းပေမယ့်…သရဲတစ္ဆေတွေကို…အကျွမ်းတဝင်ရှိပုံရတယ်လို့လည်း…တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတယ်။
ဒီနောက်ပိုင်း…ဂေါက်ကွင်းစီမံကိန်းပြီးသွားတော့…အနားပတ်ဝန်းကျင်မှာရှိနေတဲ့…မြေတွေကိုရပ်ကွက်သစ်တိုးချဲ့ရအောင်ဆိုပြီး…ဈေးနှုန်းနည်းနည်းနဲ့အစိုးရကရောင်းပေးတော့…ဝယ်လိုက်ကြတဲ့သူတွေက…နည်းတာမဟုတ်။အရင်တုန်းကတော့..သင်္ချိူင်းနဲ့နီးလို့ဆိုပြီး…ဘယ်သူမှသိပ်မနေရဲကြ။
နောက်တော့လည်း…လူနေအိမ်ခြေအများစုဖြစ်လာပြီးတိုးချဲ့ရပ်ကွက်ပုံစံဖြစ်လာတော့လည်း…စည်စည်ကားကားနဲ့အရင်က…ဒီနားမှာသင်္ချိူင်းရှိခဲ့တယ်ဆိုတာတောင်…မေ့သွားတော့တယ်။
ဒါပေမယ့်…ဟိုလူကြီးပြောသွားသလိုပဲလားတော့မသိ…။

တချိူ့အိမ်တွေမှာ…မိုးချူပ်ပြီဆိုရင်…ဟင်းပန်းကန်ဝင်ဆွဲတာတို့၊ထမင်းတောင်းစားတာတို့၊ကြောက်လန့်အောင်ခြောက်တာတို့၊ကလေးသူငယ်တွေကိုပြုစားတာတို့…ကြားလာရတယ်။
အမြဲတမ်းတော့မဟုတ်ပါ။ကျနော်တို့ကတော့…ဒီလိုရပ်ကွက်မဖြစ်ခင်ကတည်းကနေ…ခုချိန်ထိနေလာခဲ့တာ…ဘာကောင်မှမတွေ့မိတော့…လူတွေမဟုတ်တမ်းရားပြောတာဖြစ်မယ်လို့ထင်နေတယ်…။
ရက်အနည်းငယ်အကြာမှာကျနော်တို့ရပ်ကွက်သစ်က…ဘုန်းကြီးကျောင်းကို…အာဂန္တုရဟန်းတစ်ပါးကြွလာတယ်။

စကားမိန့်ကြားတာအလွန်နည်းပါတယ်။တစ်ပါးတည်းအမြဲလိုလို…သီးသန့်သီတင်းသုံးလေ့ရှိပါတယ်။
မျက်နှာတော်ကအလွန်ကြည်လင်သန့်စင်ပြီး…မေတ္တာရိပ်လွှမ်းမိုးနေလို့လားမသိ။တည်ငြိမ်အေးချမ်းလှတာမို့…ဖူးရသူတိုင်းကြည်ညိုသဒ္ဓါပွားကြပါတယ်။
နံနက်ခင်းတိုင်း…လှည့်လည်ဆွမ်းခံတတ်ပြီး…ထိုင်ဆွမ်း၊ပင့်ဆွမ်းများကို…လုံးဝလက်ခံတော်မမူပါ။
ကျနော်တို့မြို့ကို…သက်သက်မဲ့ကြွလာတာမဟုတ်ဘဲ…နယ်အနှံ့ကြွပြီး..တရားအားထုတ်နေတာဖြစ်ကြောင်းလည်း…ရှင်းပြတော်မူပါတယ်။
ဒီလိုနဲ့ဆောင်းရာသီပြာသိုလဘက်ရောက်လာတော့…ကျနော်တို့မြို့လေးရဲ့ထုံးစံအတိုင်း…နတ်ကန္နားပွဲကြီးကျင်းပမယ့်ရာသီရောက်လာပါပြီ။
ဒီနေရာမှာ…တစ်ခုလောက်ရှင်းပြချင်တာက…ကျနော်တို့မြို့လေးကသေးသာသေးတယ်။
ရပ်ကွက်ကရှစ်ခုလောက်ရှိတယ်။ဒီလိုပြာသို၊တပို့တွဲလရောက်ပြီဆိုရင်…ရပ်ကွက်တိုင်းမှာနတ်ကန္နားပွဲကြီးတွေကို…၃ရက်၃ညတိုင်တိုင်ကြီးကြီးကျယ်ကျယ်…ကျင်းပတတ်တဲ့ထုံးစံရှိတယ်။
နတ်ပွဲလုပ်တော့မယ်ဆိုရင်…တစ်အိမ်ကိုဘယ်လောက်ထည့်ရမယ်ဆိုပြီး…ရပ်ကွက်လူကြီးတွေကလိုက်ကောက်ခံတဲ့အခါ…ရက်ရက်ရောရောထည့်ဝင်ကြတာပါပဲ။
တခြားသာရေးနာရေးအလှူခံတွေဆို…ထည့်ရတာအင်တင်တင်နဲ့…။
လူတွေကလည်း…နတ်ကိုယုံကြတာများတာကိုး…။ပြီးရင်..နတ်ဆရာနဲ့ဆိုင်းဝိုင်းတွေငှါး..ယာယီမဏ္ဍပ်ဆောက်ပြီး…တပျော်တပါးလုပ်ကြတော့တာပဲ…။လာကြည့်တဲ့သူတွေကလည်းကြိတ်ကြိတ်တိုး…။
ခေါ်တဲ့နတ်တွေကလည်းအစုံ…နတ်မျိူးစုံ…။ဆိုင်းဝိုင်းကအဆိုတော်တွေက…အသံသေးအသံကြောင်နဲ့…တွေ့ကရာသီချင်းတွေဆို…နတ်တွေကလည်းဘာသီချင်းဖြစ်ဖြစ်လိုက်ကကြ…။
လေးဖြူသီချင်းလဲက…။စိုးစန္ဒာထွန်းသီချင်းလည်းက…။မန္တလေးသိန်းဇော်သီချင်းလည်းက…။ဘုရားဓမ္မပူဇာတေးဆိုရင်လည်း..လိုက်ကကြ…။
ဒါပေမယ့်…ဒီနှစ်နတ်ပွဲထူးခြားတာက…ရပ်ကွက်လူကြီးတွေ…ပင့်လာတဲ့နတ်ဆရာက…နတ်တွေရောသရဲတစ္ဆေတွေကိုပါ…ကောင်းကောင်းနိုင်နင်းတယ်လို့ပြောကြတယ်။
ပြီးတော့နတ်ပွဲကြည့်…ပရိသတ်တွေရဲ့တောင်းဆိုချက်အရ…ဂေါက်ကွင်းမှာကျန်နေခဲ့တဲ့သရဲတွေကိုပါ…သွင်းပြီးလုပ်ပြပေးဦးမယ်ဆိုပဲ…။
နတ်ဆရာမရောက်ခင်ကတည်းက…လူတွေစိတ်ဝင်စားတာ…ပလူကိုပျံလို့….ပြောမဆုံးကြတော့ဘူး။
ပြီးတော့…ဂေါက်ကွင်းမှာကျန်ခဲ့ပြီးခေါင်းမာတဲ့သရဲတွေကို…အဲ့ဒီနတ်ဆရာက…နှင်ထုတ်ပြဦးမယ်လို့ကြားတယ်။
ဒီသတင်းဟာတစ်ရပ်ကွက်လုံးမကဘဲ…တစ်မြို့လုံးပျံနှံသွားတော့…အုန်းအုန်းကျွက်ကျွက်ကိုထလို့…။
ဒီအချိန်မှာ…ရပ်ကွက်ထဲကလူတွေကြည်ညိုကြတဲ့…ရဟန်းတော်က….”မလုပ်ကောင်းတဲ့…အလုပ်ကိုမလုပ်ကြပါနဲ့…အန္တရာယ်ရှိတယ်”…လို့ထူးထူးခြားခြားမိန့်ကြားလိုက်တော့…လူတွေအံ့သြကုန်တယ်…။
သိပ်ကိုစကားနည်းတဲ့သံဃာတော်က…မမိန့်စဖူးမိန့်လိုက်တော့…ဘာတွေများဖြစ်လာဦးမလဲလို့…လူတွေလည်းပိုပြီးစိတ်ဝင်စားသွားကြလေရဲ့…..။