အားကုန်အားပြတ်ရောဂါ၊သွေးဒူလာရောဂါ၊အဆုပ်ရောဂါ၊အမျိုးသမီးများ အရွယ်မလွန်ခင် ရင်သားတွဲကျ ခြင်း၊အသားအရေ တွဲကျခြင်း၊ပန်းသေပန်းညိုး ရောဂါများကို ပျောက်ကင်းစေတဲ့အပြင်ကျန်းမာသူများနေ့စဉ် အနည်းငယ်သုံးစွဲမည်ဆိုပါကအရွယ်တင်နုပျိုစေခြင်း အသားအရေ လှပစေခြင်းရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။
အမျိုးသားများ ပန်းသေပန်းညိုး ဒူလာရောဂါ အင်အားကုန်လွယ်ခြင်း၊စိတ်သွားတိုင်းကိုယ်မပါခြင်းအမျိုးသမီးများ အလှအပတွက်ရော အမျိုးသမီးရောဂါများကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါဆေးနည်းလေးကိုမှတ်ထားလိုက်ပါတော့။
ဆေးနည်း
ပေါက်နွယ်ဥ. ၂ ကျပ်သား
ဆီးဖြူသီး ၁ မူးသား
သစ်ဆိမ့်သီး ၁ မူးသား
ဖန်ခါးသီး ၁ မူးသား
ပေါက်နွယ်ဥ အဆိပ်ထုပ် သန်စင်ပုံ
ပေါက်နွယ်ဥ ကိုရေစင်ကြယ်စွာဆေးပါ အပေါ်ခွံကို ခွာ၍ ဥကိုပါးပါလှီးပါ ရေ ၃ ရက်စိမ်ပါ ၁ရက်၁ကြိမ်ရေလည်းးပေပါ ထိုနည်းသည် ပေါက်နွယ်ဥအတွင်းမှ အဆိပ်အတောက်များကို
ဖယ်ထုပ်သန့်စင်သောနည်းဖြစ်ပါသည်
ထို့နောက် ပေါက်နွယ်ဥကို ပေါင်းချောင်တွင်ပေါင်း ပြီးလျင် နေလှန်း အခြောက်ခံ၍ အမှုန့်ပြု ဆေးအဖြစ်သုံးလို့ရပါပြီ
၄င်းကို ဆေးအဖြစ်အသုံးပြုခြင်းဖြငိ့ အဖုများထခြင်း အသားအရေများမမှန်ခြင်းမှကင်းဝေးပါလိမ့်မယ်
ပေါက်နွယ်ဥ အမှုန့်အား နွားနို့နဲ့ အမြဲဖျော်၍သောက်ခဲ့သော်ခြင်္သေ့ကဲ့သို့အားကြီးခြင်း
၁၆ နှစ်ကဲ့သို့ သဏ္ဌန်အဆင်းကိုဆောင်စေခြင်း
နို့နှင့်စိမ်၍ စားသော်ဖြူပြီးသား ဆံပင်များ ပြန်နက်လာစေပြီးကျွတ်သော ဆံပင်များ ပြန်ပေါက်သောကြောင့် လူကြီးများနှင့်သင်လျော်ပေသည်
နှမ်းဆီ တွင်စိမ်၍ လိမ်ခဲ့လျင် ဆံဖြူခြင် သွားကျိုးခြင်း အရေတွန့်ခြင်း ရောဂါများပျောက်စေပါတယ်
ဆိတ်နို့ဖြင့် စိမ်၍ လိမ်းခဲ့သော် ၆ လမှမမြင်ရသော မျက်စိ ပြန်မြင်ရမည် ဆီးဖြူ ဖန်ခါး သစ်ဆိမ့် တို့နှင့်စားခဲ့သော်သလွှာလွမ်းသောမျက်စိများပင်ပေါက်ကင်းနိုင်သည်ဆိတ်နို့တွင်စိမ်၍စားခဲ့သော် ကွယ်ပြီးသော မျက်လုံးများပင် ပြန်မြင်နိုင်တာဖြစ်လို့ မျက်လုံးအား မျက်မှန်တက်နေရသောမိတ်ဆွေများ အလင်းကွယ်နေသောမိတ်ဆွေများ အသုံးပြုသင့်ပါတယ်ဗျ
ဆေးကိုစစစားခြင်း ၁ပက်လောက်တော့ ခြေပစ်လက်ပစ်ဖြစ်တက်ပါတယ်ဗျ ရေကိုများများသာချိုးပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မည်