၆ လက်မ အရွယ် ဖယောင်းတိုင်အဖြူပေါ်မှာမီးစာဖက်က နေ အောက်ဖက်ကို မိမိနာမည်နဲ့ မိမိချစ်သူ အိမ်ထောင်ဖက် စသည်ရဲ့နာမည်ကို marker pen အနက်ဖြင့်ရေးပါ။marker pen ဆိုတာဘာလဲ မသိရင် ဆိုင်မှာမေးပါ။
ပြီးရင် အလယ်ကဒါးနဲ့ဖြတ်လိုက်ပါ။ အောက်ပိုင်းကဖယောင်းတိုင်ကို မီးညှိနိုင်ရန်မီးစာ ပြန်ဖေါ်ထားပါ။
ပန်းကန်ပြားတစ်ချပ်မှာ အသဲပုံကိုအနီရောင်နဲ့ဆွဲပါ။ဖယောင်းတိုင် ၂ တိုင်ကြားကို
သစ်ဂျပိုးခေါက် ၂ ခု ညှပ်ပြီးအားလုံးကိုဖဲကြိုးအနီနဲ့ပတ်ချည်ပါ။ အထုံး၃ ထုံးထုံးချည်ပြီးအစသပ်ပါ။
ပန်းကန်ပြားအလယ်မှာအဲဒီဖယောင်းတိုင်အတွဲကိုစိုက်ထားပါ။အပြင်ဖက်က သကြားများပတ်ပြီးပုံပါ။ လေးညှင်းပွင့် ၅ ပွင့်လည်းပတ်လည်ကချပါ။ပြီးရင် ဖယောင်းတိုင် ၂ တိုင်ကို
မီးညှိပါ။ မီးညှိပြီး မိမိလိုရာဆုကို တစ်မိနစ်ခန့်လေးနက်စွာတောင်းပါ။
ဥပမာ။ သည်ယတြာအစွမ်းကြောင့် မောင်မောင်နဲ့ အမြန်ပြန်လည်ဆုံစည်းပါစေ စသည်ဖြင့်
ပီးရင် ဖယောင်းတိုင်မီးကို လက်မ လက်ညှိုးညှပ်ပြီး ငြိမ်းလိုက်ပါ လဆန်းပိုင်း အဆင်ပြေရာ ရက်က စလုပ်ပါ။နောက်နေ့မှာ ဖယောင်းတိုင်ကိုမီးညှိပြီး ထပ်မံဆုတောင်းပါ။
ဆုတောင်းပြီး ြငိမ်းပါ။၅ ရက်မြောက်နေ့တွင် ဖယောင်းတိုင်အားလုံးလောင်ကျွမ်းသည်အထိထားပါ။ ဖယောင်းတိုင်ကုန်ရင် ပန်းကန်တွင်းရှိ အရာအားလုံးအိတ် အနက်တစ်ခုထဲထည့်ပြီးလှပဝေဆာနေသောသစ်ပင်တစ်ပင်အောက်တွင်မြှုပ်လိုက်ပါ။
သစ်ပင်မရှိရင် မတ်ကာပင်ဝယ်မရရင် မသိရင်သစ်ဂျပိုးခေါက် လေးညှင်းပွင့် ဆိုတာ မသိရင် ဝယ်မရရင်မလုပ်ပါနဲ့။ အတိအကျ စိတ်အားထက်သန်စွာ ဆောင်ရွက်ပါ။