ဂါထာတော်များ

ဒိဝါတပတိ လာဒ်ရွှင်ဂါထာတော်

၁။ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာ ဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
စျာယီ တပတိ ဗြာဟ္မဏော။

၂။အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ
တာဒိသံ တဇေသမ်ပန်နံ
ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ။

၃။စက်ကဝါဠေ အနန်တသေု
အာကာသော အနန္တော တထာ
သတ်တနိကာ အနန်တာစ
သမ်ဗုဒ်ဓဥာဏံ အနန်တံ။

၄။ဗလဝံ ဗုဒ်ဓံ အနန်တံ
ဂေါစရံ ဓမ္မံ အနန္တံ
အရိယ သံဃံ အနန်တံ
အနန္တံ ဗောဓိ ဥတ္တမံ။
******************

ဂါထာ အနက် ( အဓိပ္ပာယ်ကိုသိထားပါက အာရုံပြုနိုင်စေရန် ရည်ရွယ်ပါသည် )

၁။အာဒိစ္စော . . နေမင်းသည်

ဒိဝါ. . နေ့၌သာလျှင်

တပတိ. . တောက်ပ၏
စန္ဒိမာ . .လသည်

ရတ္တိံ . . .ညဉ့်၌သာလျှင်

အာဘာတိ. . တောက်ပ၏

ခတ္တိယော. .မင်းသည်

သန္နဒ္ဓေါ . .ချပ်ဝတ်တန်ဆာ

ဆင်မှသာလျှင်

တပတိ. . တောက်ပ၏

ဗြာဟ္မဏော . .ရဟန္တာသည်

စျာယီ . .စျာန်ဝင်စားမှသာလျှင်

တပတိ. . .တောက်ပ၏ ။

၂။အထ. . .စင်စစ်သော်ကား

ဗုဒ္ဓေါ . . .ဘုရားသည်

သဗ္ဗမဟောရတ္တိံ . . .အလုံးစုံသော နေ့ညဉ့်ပတ်လုံး

တေဇသာ . . .တန်ခိုးတော်ဖြင့်

တပတိ. . .တောက်ပ၏

တာဒိသံ တေဇသမ္ပန္နံ . . . ထိုသို့သောတန်ခိုးတော်ဖြင့်ပြည့်စုံတော်မူသော

ဗုဒ္ဓံ မြတ်စွာဘုရားကို

အာဒရံ . . .ရိုသေစွာ

ဝန္ဒာမိ . . .ရှိခိုးပါ၏ ။

၃။စက်ကျဝါဠေ
အနန်တသေု . . .စင်္ကြာဝဠာအနန္တတို့၌အာကာသော. . . ကောင်းကင်သည်လည်း

အနန္တာ. . .ဆုံးမရှိ။

တထာ . . .ထိုမှတစ်ပါး

သတ္တနိကာ စ . . . သတ္တဝါအပေါင်းတို့သည်လည်း

အနန္တာ . . .အဆုံးမရှိကုန်။

သဗ္ဗုဒ္ဓ
ဉာဏံစ . . .ကိုယ်တော်တိုင်သိမြင် တော်မူသော ဉာဏ်တော်သည်လည်း
အနန္တံ . . .အဆုံးမရှိကုန်။

၄။ဗလဝံ . . .အားကြီးသော

ဗုဒ္ဓံ. . .ဗောဓိဉာဏ်သည်

အနန္တံ . . .အဆုံးမရှိ

ဂေါစရံ ဓမ္မံ . . .ကျက်စားရာ အာရုံဖြစ်သောတရားတော်သည်လည်း

အနန္တံ. . အဆုံးမရှိ

အရိယ သံဃံ .. အရိယာဖြစ်သော

သံဃာသည်လည်း

အနန္တံ . .အဆုံးမရှိ

ဥတ္တမံ . . .မြတ်သော

ဗောဓိ . . .သစ္စာလေးပါးတရားတော်သည်

အနန္တံ . . .အဆုံးမရှိ။

*****************************

အလိုရှိရာ တောင်းတတိုင်းရသည်၊
ဉစ္စာရတနာ၊ရွှေ၊ငွေ၊အိုးအိမ်၊
စည်းစိမ်၊တိုက်၊ခြံမြေ၊ကား.၊
ရာထူး……… စသည့်လာဘ်လာဘများ
တစစပြည့်လာပါလိမ့်မည် ။

ရွတ်ဖတ်သူမှလဲ ရတနာနဲ့
တန်တဲ့ အကျင့်သီလ အချိန်မှန် အားထုတ်မှုရှိရမယ််မင်္ဂလာရှိသောနှုတ်နှင့်နေလျှင်
ပြောဆိုတိုင်းအောင်မယ်၊
စျေးရောင်းရင်လည်း
စျေးခေါ်တိုင်းပါတယ်။

နတ်ကောင်းနတ်မြတ်များစောင့်ရှောက်လိမ့်မယ်။

နှုတ်ကြမ်းခြင်း စိတ်ထားယုတ်ခြင်းများရှောင်ကြဉ်ထားပါ

အိမ်တွင်းလည်း အေးချမ်းပြီး လာဘ်လာဘပွင့်ကာ
ပြောဆိုအောင်မြင်မယ်။