အရမ်းအခက်အခဲ၊ အကျပ်အတည်းဖြစ်နေတဲ့အခါ၊ စိတ် သို့မဟုတ် ရုပ်အနှောင်အတည်းခံရတဲ့အခါပူဇော်သင့်တဲ့ဂါထာတော်ပါ
နမောတေဂါထာ
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊
ဝိပ်ပမုတ်တောသိ သဗ်ဗဓိ၊
သမ်ဗာဓပ်ပဋိပန်နောသ်မိ၊
တဿ မေ သရဏံ ဘဝ။
အသံထွက်
နမောတေ ဗုတ်ဒဝီရတ်ထု
ဝိတ်ပမုတ်တော သိသတ်ဗဒိ
သန်ဘာဒ ပတိပန်နောသမိ
တတ်သ မေ သရဏံဘဝ။
အနက်
လုံ့လ ကြီးမားတော်မူသော ရှင်တော်မြတ်ဘုရားအား ရိုသေမြတ်နိုး ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ ဘေးရန်အပေါင်းမှကင်းလွတ်တော်မူသည့် ရှင်တော်မြတ်ဘုရားသည် အလုံးစုံသော အနှောင်အဖွဲ့မှ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည် ဖြစ်ပေ၏။ ထိုရှင်တော်မြတ်ဘုရားသည်ဘုရားတပည့်တော်၏ ဘေးရန်ကင်းစွာ ချမ်းသာရကြောင်း မြတ်သောမှီခိုရာအစစ်အဖြစ် နှစ်သက်ကြည်ဖြူ၊ဖြစ်တော်မူပါ အရှင်ဘုရား။
သူတစ်ပါးအတွက်ပူဇော်လျှင် မေ နေရာတွင်တေ ဟုထည့်ပြီးပူဇော်ပါ။