Myanmar History

တောင်ဖီလာဆရာတော်(အင်းဝခေတ်)

တောင်ဖီလာဆရာတော်သည် အင်းဝခေတ်သာလွန်မင်းကြီးလက်ထက်(ခရစ်နှစ် ၁၆၂၈ – ၁၆၄၈)တွင် အလွန်ထင်ရှားကျော်ကြားသော ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဆရာတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦးစေတီတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦး စေတီတော်တည်ရာ အရပ်၌ခရစ်နှစ် ၁၅၇၈ ခုနှစ်(မြန်မာသက္ကရာဇ် ၉၄၀)တွင်မွေးဖွားခဲ့သည်။

ရှင်သာမဏေဘဝမှာ မုနိန္ဒဃောဆသဖြစ်၍ ရဟန်းတော်ဘွဲ့အမည်မှာ အရှင်ဥပါလိဟုခေါ်သည်။ တိပိဋကာလင်္ကာရရာဇဂုရု ဘွဲ့တံဆိတ်တော်ရရှိသည်။ဆရာတော်သည် ပရိယတ် ပဋိပတ်ကို နားလည်သဘောပေါက်အောင် ဟောပြောတတ်သည်။

ခရစ်နှစ် ၁၆၃၈ ခုနှစ်၊ ဧပြီလတွင် တောင်ဖီလာအပါအဝင် ဆရာတော်လေးပါးတို့သည် သာလွန်မင်းနှင့်အတူ မင်းဘူးမြို့နယ်ရှိ ပထမ ဆယ့်တစ်ရွာနှင့် ဒုတိယ ဆယ့်တစ်ရွာတို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့လေသည်။

တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိနှင့် အကျင့်သိက္ခာတို့ကြောင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝဒေသများတွင် အစာရေစာ ပေါများခြင်း၊ မတရားမှုနည်းပါးခြင်းများရှိခဲ့သည်။

ဆရာတော်သည် သက်တော် ၇၂ နှစ်၊ ခရစ်နှစ် ၁၆၅၀ ခုနှစ်၊ မြန်မာသက္ကရာဇာ် ၁၀၁၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။