နရပတိစည်သူမင်းလက်ထက် ခရစ်နှစ် ၁၂၀၀ ပြည့်နှစ်ခန့်တွင် ပေါင်လောင်ရှင်ကဿပသည် ရဟန္တာဟု ကျော်ကြားခဲ့သည်။ ပခုက္ကူမြို့နယ် (ပခန်းနယ်)အနောက်တောင်ရိုးရှိ ဂူနီနေဝင်ရွာဇာတိဖြစ်သည်။ ငယ်စဉ်အခါက မိခင်၊ ဖခင်တို့အား ပလောင်ဓားပြများ ဓားပြတိုက်စဉ် ပလောင်ဒေသသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ပလောင်ဒေသမှာပင် သာသနာပြုခဲ့လေသည်။
အကျင့်သိက္ခာ သီလ၊ သမာဓိ၊ ပရိယတ်၊ ပဋိပတ်် နှစ်ရပ်ပြည့် စုံသဖြင့်ပုဂံပြည်သို့ ပင့်ဖိတ်၍ ကိုးကွယ်ခဲ့လေသည်။
ပေါင်လောင်ရှင်ကဿပသည် ယောနယ်အရပ်ရပ်တို့တွင်သာသနာပြု ကြွတော်မူစဉ် မုံရွာမြို့အမှ မိုင် ၆၀ အကွာ ပုံတောင်ပုံညာအရပ်တွင် ပျံလွန်တော်မူ၍ မြေမြှုပ်သင်္ဂြိုဟ်ကြသည်။
(မှတ်ချက် – အရိမေတ္တယျ ဘုရားပွင့်သောအခါမှ တေဇောဓာတ်လောင်မည်ဟု ဆိုကြသည်။)
ယခုအခါ အလောင်းတော်ကဿပ ဟူ၍ သွားရောက်ဖူးမြော်ကြသည်ဟု ပညာဝန် ဦးဖိုးကျား၏ အလောင်းတော်ကဿပသမိုင်းစာအုပ်၌ ရေးသားသည်။
ကျောက်စာ၊ ရာဇဝင်၊ သာသနာဝင်နှင့် နန်းဓလေ့မှတ်တမ်းစသော မှတ်တမ်းတို့၌ အရှင်ကဿပနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာများကို အမျိုးမျိုး ရေးသားထားသည်ကို တွေ့ရသည်။