ရှင်အရဟံ၏ ဘွဲ့တော်သည် အရှင်ဓမ္မဒဿီဖြစ်၏။ သထုံပြည် အရှင်သီလဗုဒ္ဓိ၏သားတပည့်ဖြစ်သည်။ ဗေဒင် လေးပုံနှင့် ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ရဟန္တာဖြစ်တော်မူသည်။
ပုဂံပြည်၏ အရည်းကြီးများသတင်းကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား ပုဂံသို့ သာသနာပြုစေလွှတ်တော်မူလေသည်။ ရဟန္တာ ရှင်အရဟံ၏ သာသနာပြုလုပ်ငန်းများကား မြန်မာပြည်သာသနာတွင် အမြင့်မားဆုံးဖြစ်ခဲ့လေသည်။
ပုဂံပြည်ကြီးသည် မင်းဆက်ပေါင်း ၅၅ ပါးရှိ၍ မြို့သက်တမ်း ၂၃၇ နှစ်တည်ခဲ့လေသည်။ သာသနာ သက္ကရာဇ် ၆၅၁၊ ကောဇာသက္ကရာဇ် ၂၉၊ အေဒီ ၂၀၉ ခုနှစ်၌ ယုန်လွှတ်ကျွန်း ၁၉ ရွာကို စုစည်း၍ ပထမပုဂံပြည်ကြီးကို သမုဒ္ဒရာဇ်မင်းကြီးက စတင်တည်ထောင်ခဲ့သည်။
ဝိဇ္ဇာဓိုရ်ရဟန္တာ ရှင်အရဟံသည် အလောင်းစည်သူမင်းနန်းစံ ၂ နှစ်(ခရစ်နှစ် ၁၁၁၅)ခုနှစ် ၈၁ နှစ်တွင် ပရိနိဗ္ဗာန် ပြုတော်မူသည်။ ခုနစ်ရက်တိုင်တိုင် အန္တိမဈာပန အခမ်းအနားကို မင်းနှင့် ပြည်သူတို့ ကျင်းပခဲ့ကြသည်။ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ဂူတည်ထား၍ ကိုးကွယ်ကြလေသည်။ ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော်ကိုးကွယ်ကြလေသည်။
(မှတ်ချက် – ရှင်အရဟံ ပုံတော်သည် ပုဂံမြို့ အာနန္နာစေတီအတွင်း၌ ရှိသည်။)
ထိုအကြောင်းအရာကို ပခုက္ကူမြို့ အဂ္ဂမဟာ ပဏိတ ဆရာတော်ဦးနန္ဒဝံသ မဟာထေရ် ရေးသားသည့် ရွှေစည်းခုံသမိုင်းကျမ်းသစ်တွင် ရှင်အရဟံကို မီးသင်္ဂြိုဟ်၍ ဂူသွင်းခဲ့ကြကြောင်း ရေးသားထားသည်ကိုတွေရသည်။