Myanmar History

အဘအောင်မင်းခေါင်၏ သမိုင်း နှင့် ထူးခြားဖြစ်စဉ်များ

မြန်မာလူမျိုးတို့ရဲ့ ယုံကြည်သက်ဝင်မှုအပိုင်းမှာ အဘဘိုးမင်းခေါင်ကို ကိုးကွယ်ယုံကြည်သူတွေကလည်း များလို့နေပါတယ်
အဘဘိုးမင်းခေါင် ခေါ် အောင်မင်းခေါင်ကို ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှအဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှမြန်မာသက္ကရာဇ်၁၂၄၂ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ဖွားမြင်ခဲ့တယ်လို့သိရပါတယ်။

မွေးချင်းငါးယောက်အနက်ဒုတိယသားဖြစ်ကာမွေးချင်းများမှာ (၁)ဦးဘိုးသောင်း၊(၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊(၃)ဦးထွန်းမောင်၊(၄)ဦးဘိုးဆောင်၊(၅)ဒေါ်ငွေမြင့် တို့ဖြစ်ကြပါတယ်။ မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘဝကပင်ရှင်သာမဏေဘောင်ဝင်ခဲ့ရာမှ ရဟန်းဘ၀ထိကြာသာသနာဘောင်ထဲမှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ ဘွဲ့အမည်မှာ ဦးအာစိဏ္ဏ ဖြစ်ပြီး ရဟန်းဘ၀ သုံးဝါအရမှာပင်
ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့တယ်လို့မှတ်သားဖွယ်သိရှိရပါတယ် ။

ရဟန်း(၁၀)ဝါအရတွင် မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပြီး မကြာမကြာမွေးရပ်မြေ စင်မြင့်ရွာသို့ပြန်လာလေ့ရှိပါတယ်။ထိုစဉ်ကပင် ဦးအာစိဏ္ဏသည် တွေ့မြင်ကြရသော ထူးခြားဖြစ်
စဉ်များကြောင့်မြေကြောရှုံ့နိုင်သည့်ပထဝီသိဒ္ဓိပေါက်နေပြီဟုသိမီသူတို့မှခန့်မှန်းပြောဆိုကြပါတယ်။ရဟန်း(၁၃)ဝါအရတွင် ရဟန်းဝတ်နှင့်ပင် ခရီးထွက်သွားပြီး နှစ်ပေါင်း(၃၀)ကြာအောင်ပင် ထူးဆန်းစွာ ခြေရာဖျောက်ကာသေသည်ရှင်သည်မသိခဲ့ရပေ။

ထို့နောက် ” မင်းခေါင် ” နာမည်ယူ၍ လူဝတ်ကြောင်ဖြင့် ရောက်နေကြောင်း စင်မြင့်ရွာရှိညီအစ်ကိုမောင်နှမများက သတင်းကြားသဖြင့် လာရောက်ကြည့်
ရှုကြသည်။ထိုအခါ မှ အောင်မင်းခေါင်ဖြစ်နေမှန်းသေချာ၍ ဆွေမျိုးများက နူတ်ဆက်မေးမြန်းကြရာ မင်းခေါင်သည် “အင်း….ဟုတ်တယ်…..မဟုတ်ဘူး ” ဟူသောစကားမျှသာပြော
ပြီး ပုထုဇဉ်တွေကိုငြီးငွေ့လာတာကြောင့် လူတွေကသူ့ကို စိတ်ဖောက်သွားကြပြီ ဆိုပြီး ပစ်ထားကာ ရွာသို့ပြန်လာခဲ့လိုက်ပါတော့တယ် ။

အဘဘိုးမင်းခေါင်သည် အသွင်အမျိုးမျိုးကိုယူဆောင်ကာ သာသနာ့အလင်းရောင်ဓါတ်အားကို မပြတ်မနားဖွင့်လိုက်သောအချိန်တွင် “ဂိုဏ်းတော်ကြီး နှိုးဆော်ချက်” ဟူသော ဓါတ်ဝင်
သည့်အမိန့်စာကို တစ်ပြည်လုံးသို့ ဖြန့်ဝေလိုက်သောအခါ အားလုံးပင် လိုက်နာကျင့်ကြံကြလေတော့၏။
အဆိုပါ နှိုးဆော်စာအရ…..

“ဘုရားလေး ငယ်ငယ်….ကိုးတောင်ပြည့်တည်၊
ငယ်သာငယ်…..ကယ်ဆယ်မယ့်ဘုရား၊
ဓါတ်ကောလီ…သုံးဆယ်ကူအောင်ကွယ်၊
ဖူးကြအများ”

ဟူ၍ဖြစ်ပါတယ်။မြန်မာပြည်အတွင်းရှိ မြို့ကြီး(၈၀)ကျော်နှင့် ကျေးရွာပေါင်း(၄၀၀၀)ကျော်တို့တွင် ကိုးတောင်ပြည့်စေတီလေးများ တစ်မြို့တစ်ရွာလျှင် တစ်ဆူတည်ထားကိုးကွယ်ကြသဖြင့်
တစ်နိုင်ငံလုံး ဘုရားတကာ ဘုရားတကာမ များဖြစ်လာခဲ့ကြရတော့ကာအခုလို လက်ညိုးထိုးမလွဲ စေတီပုထိုးပေါကြွယ်၀နေတာပဲဖြစ်ပါတယ်။
အဘဘိုးမင်းခေါင်ကြီးသည် ကုသလာဓမ္မာ သုခဝိပါက လက္ခဏ ဟူသော ဒေသနာတော်အတိုင်း တိုင်းသူပြည်သား လူထုအားလုံးတို့ကို အလွန်တရာစာနာထောက်ထားသောအားဖြင့် ဘုရားဒကာတွေ ဖြစ်အောင် ကုသိုလ်တက်ရိုက်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ။

အဘဘိုးမင်းခေါင်သည် တွေ့ရလတ္တံသော ကပ်သုံးပါးမှ ကင်းလွတ်စေရန် ပြည်သူတို့အား ကိုးတောင်ပြည့်စေတီများ တည်ထားကိုးကွယ်ဆည်းကပ်ကြစေရန် သာသနာ့ဓါတ်ပန္နက်ကို
ရိုက်နှက်ခဲ့ခြင်းဖြစ်ပါတယ်။သို့ဖြစ်ပါသောကြောင့် အဘဘိုးမင်းခေါင်သည် သာသနာ့ဓါတ်ပန္နက်များရိုက်နှက်ခဲ့စဉ် (၁၃၁၄)ခုနှစ်(ခရစ်နှစ်-၁၉၅၂-ခုနှစ်)တွင် တဘောင်နှင့်အညီ “မုန့်
လုံးကို စက္ကူကပ်ပါလို့ ကြာကလပ်မှာတဲ့ ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတယ်လို့ပြေး” ကမ္ဘာကပ်ရန် အေးစေရန်အတွက် ပုပ္ပါးတောင်ကလပ်တွင် ပြည်လုံးချမ်းသာ
ကပ်ကျော်ကမ္ဘာလုံးစေတီတော် ကိုတည်ထားကိုးကွယ်တော်မှုစဉ် ထိုစေတီတော်မြတ်ကြီးတွင် တင်လှူမည့် “ထီးတော်လည်းရောက် မင်းခေါင်လည်းပျောက်” ဆိုသည့်တဘောင်အတိုင်း
၁၃၁၄-ခုနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ ညနေ(၄း၂၀)မိနစ်အချိန်တွင် ပုပ္ပါးတောင်ကလပ်မှ ခန္ဓာဝန်ချ၍ ထွက်ရပ်စခန်း ကြွမြန်းတော်မှုခဲ့တာပဲဖြစ်ပါတယ်။

ထိုနေ့ထိုရက်တို့ကို သတ်မှတ်၍ အဘထွက်ပွဲ/အောင်ပွဲ/ပူဇော်ပွဲကြီးများကို ပုပ္ပားတောင်ကလပ်မှစ၍ မြန်မာတစ်ပြည်လုံးရှိ အဘ၏ဓါတ်နန်း ဓါတ်စခန်းနေရာအနှံ့များတွင် တပည့်သားသမီးအပေါင်းတို့မှ သောင်းသောင်းဖျဖျပူဇော်ကန်ကြကာ နှစ်စဉ်နှစ်တိုင်းဆင်နွဲနေကြတာပဲဖြစ်ပါတယ်