၂၀၂၁ နောက်ပိုင်း ပိုင်ဆိုင်မှုအားလုံးကိုထားခဲ့ပြီး တစ်ပြားတစ်ချပ်မှမရှိတော့တဲ့ ဘဝကနေ ဩစတြေးလျမှာ ရဲတစ်ယောက်ဖြစ်လာတဲ့ အဆိုတော် ရဲနောင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရဲနောင်ဟာ လက်ရှိ ဩတြေးလျ နိုင်ငံ Queensland မှာ ရဲတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ သီချင်းတွေဖန်တီးသီဆိုခဲ့ပြီး ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူတစ်ဦးလည်းဖြစ်ပါတယ်။ အဆိုတော်ရဲနောင်ဟာ Arkar Production ကနေပြီး မိုဘိုင်းဖုန်းနဲ့ရိုက်ကူးထားတဲ့ Short Flim ထဲက Battle Scene နဲ့လည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သူတစ်ဦးပါ။ 2021 နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်ပွားပြီးနောက်မှာတော့ မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ပြန်လာခွင့်မရခဲ့တော့သလို သူ့ရဲ့ P.B.D Hood ရဲ့ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သူက […]
အမေရိကန်က အိမ်တွေမှာ မီးလုံးအဝါတွေပဲ သုံးရတဲ့အကြောင်းရင်း (အမေရိကန်ရောက် ရွှေမြန်မာတွေ မဖြစ်မနေ သိထားသင့်တဲ့အချက်)
အမေရိကန်က အိမ်တွေမှာ မီးလုံးအဝါတွေကိုပဲ ဘာကြောင့်သုံးကြတာလဲ။ ဟုတ်ပါတယ် အမေရိကန်က အိမ်အများစုဟာ အဝါရောင်မီးလုံး၊ မီးသီး၊ မီးဆိုင်းတွေကို တပ်ဆင်မှုပိုများပါတယ်။ ဒါဘာကြောင့်ပါလဲ အဖြူရောင်မီးတွေထက် အဝါရောင်မီးတွေက အကျိုးရှိလို့လား၊ ဒါဆိုဘယ်နေရာတွေမှာ အကျိုးရှိတာပါလဲဆိုတဲ့ မေးခွန်းကို ဖြေပေးပါမယ်။ အဝါရောင်အလင်းတွေဟာ သာယာတဲ့ လေထုကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ အဝါရောင်အလင်းတွေက လူတွေကို နွေးထွေးမှုပေးနိုင်စွမ်း မြင့်မားတယ်လို့ ဆိုပါတယ်။ အဝါရောင်အလင်းဟာ မျက်လုံးပင်ပန်းနွမ်းနယ်မှုကို ၂၀ရာခိုင်နှုန်း လျော့ချစေနိုင်ပါတယ်။ အဝါရောင်မီးတွေဟာ အိပ်ချိန်ရောက်ပြီဆိုရင်လည်း ဦးနှောက်ကို အချက်ပြနိုင်တဲ့အတွက် အိပ်ပျော်စေဖို့ အကောင်းဆုံး ရွေးချယ်မှု တခုလို့လည်း ပြောထားပါတယ်။ နောက်တစ်ချက်ကတော့ မိုက်တယ်။ ပိုးဖလံတို့ ပလူကောင်တွေတို့လို အင်းဆက်ကောင်လေးတွေက အဖြူရောင်မီးကို ရှယ်ကြိုက်ကြပေမယ့် အဝါရောင်မီးကိုတော့ လုံးဝစိတ်မဝင်စားကြပါဘူးတဲ့လေ။ ဒီတော့ ဘယ်အင်းဆက်မှ အိမ်ထဲမလာတော့ဘူးပေါ့။ ဒါကြောင့်မို့ အိမ်တွေ၊ […]
သံလွင်မြစ်ထဲက ဖမ်းမိတဲ့ ထူးဆန်းတဲ့ငါးနောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း
သံလွင်မြစ်ထဲမှာ ဒေသငါးမျိုးစိတ် မဟုတ်တဲ့ ငါးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ အဲဒီငါးနဲ့ ပတ်သက်ပြီး ငါးဝါသနာရှင်နဲ့ ပညာရှင်များ မှတ်ချက်ပေးထားတာတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်- မှတ်ချက် (၁) – စတာဂျင်ငါးပါ။ အအေးပိုင်းဒေသ ငါး၊ အသားထက် ဥတွေက စျေးကောင်းရပါတယ်။ ဒါက ပုံမှန်မူမှန်တွေ့ရှိမှု မဟုတ်ပါဘူး။ အဲဒီလောက်ဆိုဒ်ကလည်း စျေးကွက်မဝင်ပါဘူး။ ရေကြီးလို့ ဘယ်ကရောက်လာလည်း မသိပါဘူး။ သူတို့ကကျောက်ခေတ်ငါးမျိုးနွယ်ဝင်တွေပါ။ မှတ်ချက် (၂) – ကျောက်ခေတ်ဆိုတာထက် ဒိုင်နိုဆောလိုခေတ်ကာလ ရှေးငါးမျိုးနွယ်ဝင် ဖြစ်လို့ အရေးကြီးငါးမျိုးစိတ်အဖြစ် သတ်မှတ်တာပါ။ အကောင်တော်တော်ကြီးနိုင်သလို ဥပမာ၊ ဆင်တွေလို (သို့မဟုတ်) ဆင်တွေနီးပါး သက်တမ်းရှည်ကြာတဲ့ငါးမျိုးစိတ်ပါ။ ဥက စီးပွားရေးအရ ဈေးကောင်းပေမယ့် ရှေးကျပြီး အလွန်ရှားပါးတဲ့ငါးမျိုးစိတ်ဖြစ်လို့ အမေရိကန်လို သဘာဝတရား နားလည်တဲ့ နိုင်ငံတွေမှာ အမဥကို […]
ကွယ်လွန်ပြီးမှ အကယ်ဒမီ (၂) ကြိမ်ဆက်တိုက် ရရှိခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထူးခြားတဲ့ မင်းသား ဇော်လင်း
ဒါရိုက်တာ တင်အောင်မြင့်ဦး ရိုက်ကူးခဲ့သော ဘယ်ဆုတောင်းမလဲချစ်သူ ဇာတ်ကားဖြင့် ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့သော မင်းသား ဇော်လင်း သည် ခေါင်းဆောင်မင်းသားကစ၍ မင်းသား အကို၊ မင်းသား သူငယ်ချင်း၊ မင်းသား အဖေ၊ မင်းသား အဖိုး စသည်ဖြင့် နေရာအမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးဖြင့် ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း သူတသက်လုံး လိုချင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ သူကွယ်လွန်ပြီးချိန်မှသာ နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအားလုံးကို အကယ်ဒမီဆုဖြင့် အဆုံးသ-တ်ခဲ့သည်ဟု ယူဆနိုင်သော ဇော်လင်း ရရှိခဲ့သည့် အကယ်ဒမီဇာတ်ကားနှစ်ကားမှာ တို-က်ပွဲခေါ်သံ (၁၉၉၅) နှင့် ပန်းသခင် (၁၉၉၆) တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇော်လင်း၏ အမည်ရင်းမှာ ဦးစန်းမောင် ဖြစ်ပြီး မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ ဦးစံအေး ဒေါ်ဌေးတင်တို့က ဖွားမြင်ခဲ့တာပါ။ မော်လမြိုင်ရုပ်ရှင်မှ […]
ထည့်ပေးတော့ကွာ
အေးမြတ်သူတစ်ယောက် လင်နှင့်ကွဲခဲ့တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးနီးလောက်ရှိပြီ။ လင်ဖြစ်သူက မလေးရှားဖက်ကို အလုပ်ထွက်လုပ်ရင်း ပထမတော့ လစဉ်မှန်မှန်ငွေပို့ပေးနေရာက တစ်နှစ်ခွဲခန့်ကြာတော့ ငွေပို့တာမမှန်တော့ဘဲ သုံးလေးလလောက် ကြာမှ တစ်ခါလောက် ကြုံသလို မစို့မပို့ ငွေပို့ပေးရင်း သတင်းလည်း မသိုးမသန့်ကြားလာခဲ့ရသည်။ ရခိုင်မတစ်ယောက်နှင့် ဖြစ်နေသလိုလို အင်ဒိုမတစ်ယောက်နှင့်ပဲ ညားသလိုလိုသတင်းကြားရသည်။ နောက်ပိုင်း ခြောက်လလောက်အထိ သူငွေပို့တာမျိုးလည်း မရှိတော့ချေ။ သူ့ဖက်က မမှန်မကန်ဖြစ်လာရာက သူတစ်ခေါက်ပြန်ရောက်လာချိန်မှာ လင်မယားချင်း အကြီးအကျယ် စကားများကြရင်း အေးမြတ်သူလည်း သူ့ကိုကွာရှင်းခွင့်တောင်း၍ အိမ်ကနေ အပြတ်ပင် ဆင်းချလာခဲ့လိုက်သည်။သူမသဘောထားက ပြတ်သည်။ သစ္စာမရှိသောယောက်ျားကို တစ်သက်တာလုံး ကျွန်ခံပြီးမပေါင်းလိုတော့ဟုဆိုပြီး ဆွေမျိုးသားချင်းများက အမျိုးမျိုးနားချသော်လည်း ဘယ်လိုမှ တားမရတော့ချေ။ အေးမြတ်သူက ရုပ်ရည်လှသလောက် စိတ်လည်းတော်တော်ကြီးသည်ဟုဆိုရမည်။ သူမဇာတိမြို့မှာလည်း နေသည်ဟူ၍ မရှိတော့ဘဲ ခရီးမကြာခဏထွက်၍ ထင်သလိုသာနေထိုင်ရင်း တစ်ခုလပ်မဘဝ၏ […]
ဂျုံးဂျုံးကျတောရ ဆရာတော်ဘုရားကြီး သင်ကြားခဲ့သော ကျင့်စဉ်များ
ဆရာတော်ကြီးသည် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ သင်္ခါရတရားတို့၏ အပေါ်၌ အနိစ္စ ဟူ၍လည်းကောင်း၊ ဒုက္ခ ဟူ၍လည်းကောင်း၊ အနတ္တ ဟူ၍လည်းကောင်း ရှုမှတ်ပွားများပြီး အာနာပါန ထွက်လေ ဝင်လေကို ရှုမှတ်စေသည်။ ဝင်လေ ထွက်လေကို ရှုမှတ်ပြီးသောအခါ ဂုဏ်တော်များကို ရှုမှတ်ပွားများစေသည်။ ဆရာတော်ဘုရားကြီး၏ ဂျုံးဂျုံးကျတောရ ဝိပဿနာရိပ်သာစခန်း၌ လောကီကိစ္စနှင့်ဆက်၍ လုပ်ဆောင်ခြင်း မရှိဘဲ လောကီအဂ္ဂိရတ်ကိစ္စ၌ ကျွမ်းကျင်ကြောင်းကို စိတ္တဂဏ္ဍိကျမ်းတွင် ဖော်ပြထားသည် ကိုတွေ့ရှိရသည်။ ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ တနင်္လာနေ့မှ စတင်၍ ဝေဒနာ ကပ်ရောက်လာခဲ့လေသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်(၁၂၈၅ ခုနှစ်၊ ပြာသိုလဆန်း ၄ရက်) ဗုဒ္ဓဟူးနေ့တွင် […]
ငွေတွေဝင် လာဘ်တွေရွှင်ချင်ရင်
အလုပ်စီးပွားရှာသမျှ ပိုက်ဆံတိုင်းဟာဝင်ငွေ ထွက်ငွေမမျှဘဲ ဖြစ်နေရင် ငွေယိုပေါက်ပဲဖြစ်နေမယ်ဆိုရင် ဒီလိုလေးလုပ်ကြည့်ပါ။ -မိမိအိမ် (သို့) မိမိစီးပွားရေး၊ဆိုင်လုပ်ငန်းမှာတစ်နေ့တာ လာဘ်ဦးငွေ ကိုဖယ်ထားပါ။ -ဈေးဦးပေါက်ငွေထဲက ပိုက်ဆံအနည်းအကျဉ်း ကို မိမိသဒ္ဒါရှိသလောက် ဘုရားပန်းကပ်လှူခြင်း၊ ဆွမ်းကပ်ခြင်း လှူဒါန်းခြင်းများပြုလုပ်ပေးပါ။ -စီးပွားလာဘ်လာဘ တိုးတက်ပြီးငွေတွေဝင် လာဘ်တွေရွှင်လာပါလိမ့်မယ်။ ကျန်းမာချမ်းသာသုခနဲ့ပြည့်စုံပြီး စီးပွားရေးဒီရေအလားတိုးတက်ပါစေ….
ဆရာဝန်ကတောင် လက်လျော့နေရ တဲ့ ကျောက်ကပ်ဝေဒနာ ကို လုံးဝပျော က်ကင်းသွားအောင် ကုသနိုင်တဲ့ ဆေးနည်း
ကင်းမုန်သီးကို အလယ်ကနေခွဲပြီး ကျောက်ချဉ်အနည်းငယ်ထည့်ပေးရပါမယ် ။ ပြီးရင်တော့ မီးဖိုပေါ်မှာ မီးကင်ပြီး ရလာတဲ့ အသီးတွေရဲ့ အထဲက အရည်တွေကို ညှစ်ယူပြီး သောက်သုံးပေးရမှာပါ ။ အဆိုပါနည်းအတိုင်း တစ်နေ့ကို သုံးကြိမ်သောက်ပေးရမှာဖြစ်ပြီး တစ်ခါသောက်ရင် ကင်းမုန်သီး (၃)လုံးပဲ သောက်ရပါမယ်။ လက်တွေ့သောက်သုံးနေတဲ့ သူတွေကတော့ ကျောက်ကပ်ဝေဒနာတွေကိုသိသိသာသာသက်သာလာတာကို မြင်တွေ့ရမှာဖြစ်ပြီး..ကျောက်ကပ်အမြဲဆေးနေရတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် တကယ့်ကို အသုံးတည့်တဲ့ ဆေးနည်းလေးဖြစ်တာကြောင့် မေတ္တာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ။
ပျောက်ဆုံးသီလရှင်လေးကို တွေ့ရှိပါက သိန်း (၅၀) ပေးမည်ဟု ကြေညာချက်ထုတ်ပြန်
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်မှ ပျောက်ဆုံးနေသည့် အသက်(၁၁) နှစ်အရွယ် သီလရှင်ဆရာလေးကို တွေ့ရှိပါက အကြောင်းကြားသူအား ငွေကျပ်သိန်း ၅၀ ဖြင့် ကျေးဇူးဆပ်မယ်လို့ မိသားစုဝင်များနှင့် အေးရိပ်မြိုင်စာသင်တိုက်က ကြေညာလိုက်ပါတယ်။ ဆရာလေး၏ဘွဲ့အမည်မှာ ရူပသိင်္ဂီဖြစ်ပြီး လူအမည်မှာ လရိပ်ဖြူဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ထားဝယ်မြို့မှ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ရှိ အေးရိပ်မြိုင်စာသင်တိုက်သို့ ၂၀၂၃ ခုနှစ်ကရောက်ရှိပြီး ပညာသင်ကြားနေသူဖြစ်ကြောင်း၊ ယခုထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးသစ်သို့ အသက် (၁၂) နှစ်နှင့် အသက်(၈) နှစ်အရွယ်ရှိ ဆရာလေးနှစ်ပါးနှင့်အတူ ဆွမ်းခံကြွရာမှ ညနေ ၄ နာရီခန့်တွင် အသားဖြူဖြူ၊ ဆံပင်ရွှေအိုရောင်ဆိုးထားသည့် အမျိုးသမီးတစ်ဦးက အိမ်စီးကား အဖြူရောင်(နံပါတ်မမှတ်မိ)ဖြင့် ဆရာလေး ရူပါသိင်္ဂီအားခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ […]
လိုအင်ဆန္ဒအဝဝတို့ ပြည့်စုံနိုင်သော စိန္တာမဏိဂါထာတော်
စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ အဆိုပါဂါထာကို ရွတ်ဖတ်သရဇ္ဈာယ်ပါက နတ်ဒေဝတာများက ကူညီစောင့်ရှောက်လျက် လိုအင်ဆန္ဒအဝဝတို့ ပြည့်စုံခြင်း၊ စည်းစိမ်ဥစ္စာများတိုးပွားခြင်းစသော ရလဒ်ကောင်းများ ရရှိမည် ဖြစ်ပါသည်။