ကျွန်တော် နောက်ဆုံးနှစ်စာမေးပွဲတွေပြီးလို့ အိမ်ပြန်လာတော့ အလုပ်အကိုင်ကလည်း မရှိသေး ဟိုယောင် ယောင် ဒီယောင်ယောင် ၊ အိပ်လိုက်စားလိုက် ၊ လက်ဖက်ရည်ဆိုင်ထိုင်လိုက်နဲ့ လူပျင်းတို့ထုံးနှလုံးမူကာ မိဘပိုက် ဆံကိုထိုင်ဖြုန်းနေတုန်း တစ်နေ့ခေါင်းရင်းအိမ်က အန်တီချိုရီက လှမ်းခေါ်လိုက်ပြီး ‘သားရေ မင်းလည်းအလုပ်မရသေးခင် အန်တီတစ်ခုလောက် အကူအညီတောင်းချင်လို့’ ‘ပြောပါ အန်တီ ကူညီနိုင်တာဆို ကူညီပါ့မယ်။’ ‘ဒီလိုကွယ့် မင်းညီမကဒီနှစ် ဆယ်တန်းတက်ရမှာ မင်းအပန်းမကြီးဖူးဆိုရင် စာလေးပြပေးပါလားလို့’ ‘ရပါတယ် အပန်းမကြီးပါဘူး ကျွန်တော်နည်းနည်းပြန်ဖတ်လိုက်ရင် အဆင်ပြေပါတယ်’ ‘အေးကွယ်ကျေးဇူးတင်ပါတယ်။ ခက်တာက ကျူရှင်တွေလည်းမလွှတ်ချင်ဘူး၊ဟိုမှာကလူစုံတယ်လေ’ ‘ရပါတယ်။ ဒါဆိုဘယ်နေ့စမလဲ’ ‘မင်းအဆင်ပြေတဲ့နေ့ပေါ့ကွယ်။လခကတော့’ ‘မဟုတ်တာ..မလိုပါဘူး။အိမ်နီးချင်းတွေပဲ ကူညီတာသက်သက်ပါ’ ‘အားနာစရာကွယ်။အေးပါနောက်တော့အန်တီကြည့်စီစဉ်ပေးပါ့မယ်’ ဒီလိုနဲ့ ပန်းအိလေးကို ကျွန်တော် ဂိုက်လုပ်ပေးခဲ့ပါတယ်။လခကတော့ သိပ်မများပါဘူး.။ အန်တီချို တို့မိ သားစုကို ကူညီရုံသက်သက်ပါ။သူ့ခမျာ ယောင်္ကျားဆုံးထားတာ သုံးလေးနှစ်ပဲရှိသေးတော့ […]
လာဘ်ပွင့် ကံမြင့် ကျင့်စဉ်
မြတ်စွာဘုရားရှင်အား လှူဒါန်းရန်အတွက် မနက် ၉း၁၀ မိနစ်တွင် ရွက်လှ ၄ ညွန့် ၊ ရေသန့်တို့ကို အာရုံဆွမ်းအဖြစ် လှူဒါန်းပါ။မြတ်စွာဘုရားရှင်ထံမှာ နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး ငါးပါးသီလ ခံယူပါ။ဇယမင်္ဂလာအောင်ဂါထာတော်ကြီးအား အရှေ့မြောက်အရပ်ကိုလှည့်ပြီးတော့ မိမိသက်စေ့ရွတ်ဖတ်ရမှာဖြစ်ပါတယ်။ပြီးလျှင် မိမိလိုရာဆုကိုတောင်းပါ။မိမိလှူဒါန်းထားသော ဆွမ်းခဲဘွယ်တို့ကိုစွန့်ကာ ခွေးစာကျွေးပါ။တစ်နေ့တာအတွက် ရှောင်ရန် – ဝက်သားစားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဇယမင်္ဂလာအောင်ဂါထာတော် ဇယစက္ကော ဇယန္တောယော ဇယိတဗ္ဗေ ဇယာသနေ ဇယာပေသိ ဇယေသီနံ ဇယံဒေတု ဇယုတ္တရော ဧဝံ မေ တထာ ဟောတု။ မိမိတို့အနေနဲ့ တစ်နေ့တာအတွင်း ပြုပြုသမျှ ကုသိုလ်ကောင်းမှုနှင့်တကွ ဇယမင်္ဂလာအောင်ဂါထာတော်မြတ်ကြီးအား ရွတ်ဆိုပြီးပါက ဆုတောင်းရမှာဖြစ်ပါတယ်။ ဆုတောင်းရမှာကတော့ ဥပမာ – ဘာနေ့သား၊ နာမည်ဘယ်သူ ကနေပြီးတော့ ယနေ့ယခု ပြုပြုသမျှ […]
ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့)
ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့) ကျိုက်ထီးရိုးကပြန်လာသူတယောက်ရဲ့ မှတ်ချက်။ နောက်ဘယ်တော့မှ ထပ်မသွားတော့ဘူး။ ဘာဖြစ်လို့တုန်း ရင်ပြင်ပေါ် မှာ ကြမ်းပြင်တွေ မတရားညစ်ပတ် နင်းထားရတဲ့ ကိုယ့်ခြေထောက်တောင် ကိုယ်ရွံ၊ စားစရာအကြွင်းအကျန်တွေ ပလားပလဲ အဲလိုညစ်ပတ်တဲ့ရင်ပြင်မှာ ဘုန်းကြီးကျောင်းတွေကငှားစားထားတဲ့ စောင်၊ခေါင်းအုံးတွေ ချခင်းပြီးလှမ်းထား၊ အိမ်သာများ မတော်မတရား ညစ်ပတ်နံစော်နေပြီး ဘုရားဝတ်ပြုတဲ့ ရင်ပြင်အထိ တကြိုင်ကြိုင် တလှိုင်လှိုင်နံစော်၊ ထမင်းစားတန်းအဆင်း လမ်းဘေးတလျောက်ရောင်းတဲ့ မနက်စာ ကောက်ညှင်းပေါင်းသည်တွေဆီမှာ ယင်ကောင်တလောင်းလောင်း၊ ထမင်းစားနေတုန်း အော်ကီးနံ့က အသော်ကေနံလို့ ငွေရှင်းပြီမစားပဲ ထားခဲ့၊ တည်းခဲ့တဲ့ဟော်တယ်မှာ ဒေါ်လာနဲ့ရှင်းရတဲ့ တပွဲ ၄၀၀၀၀ ကျော်တန်ကို အဖွဲ့သားတွေနဲ့ စုပြုံစား၊ မနက်စောစော ဘုန်းကြီးတွေ တန်းစီရပ်ခိုင်းထားပြီး ထမင်းနဲ့ဟင်းနည်းနည်းလေးစီထုပ်ထားတဲ့အထုပ်တွေကို တထုပ်တထောင် […]
မြွေဆိပ်နဲ့အဆိပ်မျိုးစုံနိုင်တဲ့အပြင် သုတ်ခန်းတဲ့ရောဂါ ဝေဒနာအတွက်
“ပင့်ကူထိပ်ပိတ်”ပင်လေးတွေကတစ်နှစ်ခံအပင်လေးတွေပါ။ ခြုံရှင်းလိုက်တိုင်းပါနေကြအပင်လေးတွေပါ။ ပင့်ကူထိပ်ပိတ်အပင်ကိုတစ်နေရာတစ်မျိုးစီခေါ် ကြပါတယ်။ 1=ပင့်ကူထိပ်ပိတ်ပင် 2=အဆိပ်ပြေပင် 3=ကြောင်တစ်လွှားပင် 4=ပန်းသုံးဆင့်ပင် 5=ပင့်ကူအုပ်ဆောင်းပင် 6=အချိန်မနှောင်းပင် 7=ဆံမြိတ်မပြေပင် လို့ခေါ်ကြတာသိရှိရပါတယ်။ အမည်အမျိုးမျိုးရတဲ့”ပင့်ကူထိပ်ပိတ်ပင်”ရဲ့အစွမ်း သတ္တိကမြွေဆိပ်မျိုးစုံနဲ့သက်ရှိသတ္တဝါအားလုံးရဲ့ အဆိပ်တွေကိုအထူးနိုင်နင်းတယ်ဆိုတာပါပဲ။ မြွေကိုက်တဲ့လူနာကို ပင့်ကူထိပ်ပိတ်အရွက်တွေကို ရသလောက်အရည်ညှစ်ပြီးတိုက်လည်းတိုက် နှာခေါင်းထဲလည်းအစက်ချပေးရင်မြွေဆိပ်တွေကိုပြေကျစေတတ်ပါတယ်။ အရေပြားယားနာ တွေကို အရွက်သတ္တုရည် လိမ်းပေးရင် ဝေဒနာသက်သာစေပါတယ်။ အဆစ်ရောင်ရောဂါအတွက် သူ့အရည်ကိုပဲ ပိတ်ချင်းသီးအမှုန့်အနည်းငယ်နဲ့ရော သောက်ရင်အဆစ်ရောင်ရောဂါသက်သာပျောက်ကင်းစေပါတယ်။ ကိုယ်သားကိုယ်ရေဝါရောဂါနဲ့ သုတ်ခန်းတဲ့ရောဂါ တွေအတွက်သူ့အရွက်အသီးအပွင့်တွေကိုပြုတ်စား၊သုပ်စား၊ချက်စားရင်သက်သာစေသလိုအပင်ကိုပြုတ်ပြီးသကြားခပ်သောက်၊အရည်ညှစ်ပြီးသကြားခပ်သောက်၊အမြစ်သွေးရည်ကိုသကြားခပ်သောက်ရင်ပဲဖြစ်ဖြစ်သက်သာစေပါတယ်။ မှတ်ချက် ဆေးရည်တွေကိုအလွန်အကျွံမသောက်ဖို့တော့သတိထားပါ။အဆိပ်ပြေတဲ့အပင်များဟာသွေးပေါင်ကျတတ်လေ့ရှိပါတယ်။။
ဇော်ဝင်းထွဋ် အမြဲ အားပေးတဲ့ မင်းဓမ္မမော်ကြီးထမင်းကြော်ဆိုင်
စားကောင်း ၊ ဈေးတန် ၊ သန့်ရှင်းတဲ့အပြင် စေတနာလည်းကောင်းတာမို့ ဂီတလောကရဲ့ ဒိတ်ဒိတ်ကျဲတွေနဲ့ အနုပညာရှင်တွေအမြဲစားကြတဲ့ မြန်မာထမင်းကြော်နဲ့ဟင်းအစုံ ရောင်းတဲ့ဆိုင်လေး ဖြစ်ပါတယ်။ မင်းဓမ္မမော်ကြီး ထမင်းကြော် ဘယ်လိုစခဲ့လဲ။ ထမင်းဆိုင်လုပ်ငန်းကို စတင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ နာမည်ကို ဆိုင်ဖွင့်လှစ်တဲ့ နေရာနဲ့ တွဲပြီးပေးဖြစ်တာကြောင့် မင်းဓမ္မ မော်ကြီး ထမင်းကြော်ဆိုတာ ဖြစ်လာခဲ့တာပါ။ ရပ်ကွက်အတွင်းလမ်းလေးမှာ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ထမင်း ၊ ဟင်းရောင်းချခဲ့ပြီး ရပ်ကွက်နေပြည်သူတွေရဲ့ အကြံပေး ၊ တောင်းဆိုမှုကြောင့် မင်းဓမ္မလမ်းမကြီးပေါ်မှာ ထမင်းကြော်ဆိုင်စတင်ဖွင့်လှစ်ခဲ့တာ (၄) နှစ်ခန့်ရှိပါပြီ။ “ဆိုင်က စဖွင့်တာက ကျိုက်ဝိုင်း ဗိုလ်ချုပ်လမ်းပေါ့။ အိမ်က လမ်းအတွင်းထဲမှာဆိုတော့ အဲဒီမှာပဲ အမေက ထမင်းဆိုင်လေးစဖွင့်တာ ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ထမင်း၊ဟင်းရောင်းတာပေါ့။ နောက်ပိုင်း ဒီလမ်းမကြီးပေါ်မှာ […]
အဲကွန်းတွေကို အိမ်မှာ သုံးနေကြပေမဲ့ အဲကွန်းရီမုတ်ကိုတော့ သေချာမသုံးတတ်ကြဘူးမလား
ON/OFF ခလုတ်ကိုတော့ လူတိုင်းသိကြလို့ ကျော်လိုက်ပါမယ်။ နောက်တစ်ခုက Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ်။ ဒီခလုတ်လေးကို ကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုး ကြုံဖူးတဲ့သူတွေ အများကြီး တွေ့ဖူးပါတယ်။ Mode ဆိုပြီး အပြည့်အစုံ ရေးမထားရင်တောင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်။ အဲဒါလေးက ဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့် ၅ ဆင့် လုပ်ဆောင်ပါတယ်။ ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီး ပေါ်လာပါတယ်။ Auto အနေအထားမှာဆိုရင် အခန်းအပူချိန်၊ ပန်ကာလည်နှုန်း၊ Outdoor Unit အဖွင့်အပိတ်နဲ့ လည်ချိန်တွေကို အဲကွန်းထဲက Processor က သူဟာသူ အလုပ်ပေးပါလိမ့်မယ်။ ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Cool အနေအထားမှာဆိုရင် အဲကွန်းက […]
လုပ်ငန်းအောင်မြင်ပြီး လာဘ်ပွင့်စေမယ့် နိမိတ်များ
“ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်” နဲ့ဆိုတဲ့ စကားအတိုင်း ရှေးအစဉ်အဆက်က သတ်မှတ်ထားခဲ့သောနိမိတ်တဘောင်များကို မပယ်ပျောက်အောင် ဗဟုသုတအနေဖြင့် ဖော်ပြပေးချင်ပါတယ်။ 💭 နိမိတ်တွေများစွာရှိတဲ့အထဲကမှ ကောင်းတဲ့အတိတ်နိမိတ်တွေကတော့… (၁) သင်းပျံ့မွှေးကြိုင်သော ပန်းရနံ့၊ ရေမွှေးရနံ့တွေကို ရှုရှိုက်မိပါက လုပ်ငန်းအောင်မြင်မယ့်နိမိတ်ဖြစ်ပါတယ်။ (၂) ဆင်၊ မြင်း၊ ရွှေငွေကျောက်သံပတ္တမြားတို့ကိုတွေ့ပါက အလုပ်ကိစ္စအောင်မြင်မယ့်နိမိတ်ပါ။ (၃) ဘုရား၊ တရား၊ သံဃာတော်များ ပင့်ဆောင်လာသော ယာဥ်ရထား၊ ကားတို့ကိုတွေ့မြင်ရင်တော့ လုပ်ငန်းကိစ္စအဝဝအောင်မြင်မယ့် နိမိတ်ဆောင်ပါတယ်။ (၄) ရွှေ၊ ငွေရတနာများ ၀တ်ဆင်ထားသူကို တွေ့ရင်တော့ အလုပ်ကိစ္စတွေပြီးမြောက်အောင်မြင်မှာပါ။ (၅) အဆိပ်ပြင်းသောသတ္တဝါမြင်တွေ့မိပါက အကြံအစည်ပြီးမြောက်စွမ်းဆောင် အောင်မြင်နိုင်ပြီးလျှင် လာဘ်ရမယ့်သဘောပါ။ (၆) ဂုဏ်ပညာကြီးမြတ်သူများ၊ ဘုန်းကြီးရဟန်းတို့ကိုတွေ့မြင်ပါက အကြံအစည်အောင်မြင်ပြီး ရွှေငွေဥစ္စာတိုပွားမှာပါ။ (၇) ရဟန်းခံရှင်ပြုပွဲများတွေ့မြင်ပါက […]
ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဘိုးတော်ပွင့်အကြောင်း
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း ဂိုဏ်းတော်ချုပ် ဘိုးတော်ပွင့်သည် တပည့်ပေါင်းမြောက်မြားစွာဖြင့် မိမိနေထိုင်ရာဒေသ ကျုံမငဲ့ကျေးရွာမှ မဆယ်ဆိပ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ဘိုးတော်ပွင့်၏ အိမ်သည် ဓနိမိုးကို ဖျက်လျက်သွပ်မိုးဖြစ်သည်။ ထိုအချိန်တွင် အမည်မသိ ဘုန်းကြီးတစ်ပါးသည် (သက်တော် ၅၀ ခန့်) ရှိမည်ဟု ခန့်မှန်းအပ်ပါ၏။ နောက်မှ ကျောင်းသားငယ်တစ်ယောက်နှင့်အတူ ကြွရောက်တော်မူလာပြီး ဘိုးတော်ပွင့်အား ကိစ္စပြီးကြောင်း ပြောဆိုလေရာ ဘိုးတော်ပွင့်က ဘုန်းတော်ကြီးအား ၎င်းအချိန်က အင်မတန်အသွားအလာ ခက်ခဲသော မော်လမြိုင်ခရီးလမ်းတွင် ဆရာတော်အား နာနတ်သီးနှင့် တောင်ဝှေးပို့ခိုင်းရာတွင် နောက်တစ်နေ့ နံနက်စောစော၌ ကျောင်းသားလေးလာရောက်ပို့ဆောင်ရာ ထိုပစ္စည်းကိုကြည့်လျက် ထိုဆရာတော်ထွက်ရပ်ပေါက်သွားကြောင်း၊ ထိုဆရာတော်သည် သုံးဆူရောက် ပထမစခန်းနှင့်ပင် အောင်မြင်သွားကြောင်း ဘိုးတော်ပွင့်ကိုယ်တိုင်ပြောကြားခဲ့သည်ကို မှတ်သားရပါသည်။ သာသနာသက္ကရာဇ် (၂၅၀၀) ပြည့်သည့်နှစ်၊ ကောဇာသက္ကရာဇ် (၁၃၁၈)ခုနှစ်၊ ဝါဆိုလဆုတ်(၆)ရက်နေ့၊ နေ့လယ်(၁)နာရီ (၁၅)မိနစ်အချိန်၊ […]
ရာကျော်ဆရာတော်ဘုရားကြီး ဦးဒေဝသဒ္ဓမ္မကိတ္တိ
ရာကျော်ဆရာတော်ဘုရားကြီးကို ခရစ်နှစ် ၁၆၇၆ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယနယ်၌ မွေးဖွားသည်ဟု ဆိုသည်။ ငယ်မည်မှာ ကိတ္တိဖြစ်၍ ရှင်မည်မှာလည်း ရှင်ကိတ္တိဖြစ်သည်။ ရဟန်းဘွဲ့မှာ ဦးဒေဝသဒ္ဓမ္မကိတ္တိဖြစ်၍ တနင်္လာသားဖြစ်သည်။ ရဟန်းငယ်ဘဝမှ စတင်၍ အရိယာဝိဇ္ဇာ ဓမ္မရာဇာ ဓမ္မစေတီလမ်းစဉ် ကျင့်ဆောင်တော်မူခဲ့လေသည်။ လောကီပညာရပ်များကိုလည်း နှံ့စပ်လေသည်။ အဘရာကျော်ဆရာတော်ဟု ခေါ်ဆိုသည်မှာလည်း ဘယ်နှစ်ရာကျော်မှန်း မသိ၍ ဖြစ်သည်။ ရာကျော်ဆရာတော်ဘုရား၏ မွေးသက္ကရာဇ်ကို အဘရာကျော်ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးပိုင်းက လောကီပညာရပ်များ ထွန်းကားရာတွင် ကုန်းဘောင်ခေတ်ဖွား ရာကျော်ဆရာတော်ဘုရားကြီးသည် ထိုလောကီပညာ၌ တစ်ဖက်ကမ်းခတ် နှံ့စပ်ခဲ့သည်ဟုသိရသည်။ အဘရာကျော် ဆရာတော်ဘုရား၏ “သူ့သာသနာ၊ သူ့ဘဝ၊ သူ့ဓမ္မများ” စာမူရေးသားသော ဟံသာဝတီဦးအုန်းကြိုင်၏ စာမူတွင် ဤသို့ ရေးထားသည်ကို တွေ့ရသည်။ သာသနာပြု ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်တော်မူသော ဗောဓိပက္ခိယ […]
မြိုင်မြိုင်ဆိုင်ဆိုင်
တီ…တီ…တီတီ…တီ…တီ…တီတီ… ကျွန်မနားထဲ ဆူညံနေအောင်ကြားနေရတဲ့ နှိုးစက်သံကြောင့် အိပ်ယာမှမထချင်ထချင်နဲ့ ထလိုက်ရတယ်…. နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီ… “ဟာ…သေပြီ…ငါ နိုးစက် ပေးထားတာ ၆ နာရီပါ ဘယ်လိုဖြစ်လို့ ၇ နာရီဖြစ်သွားရတာလည်း ရုံးတော့နောက်ကျတော့မှာပဲ…” ညတုန်းက နှိုးစက်ကိုနာရီမှားပေးထားမိတဲ့ ကျေးဇူးကြောင့် ကျွန်မ အိပ်ရာပေါ်မှ ကမန်းကတန်းပြေးဆင်းပြီး ရုံးသွားဖို့ အမြန်ပြင်ဆင်ရပါတော့တယ်… ကျွန်မတို့ ရုံးကမနက် ၈ နာရီဆိုရုံးကိုအရောက်ဖြစ်နေရတယ် မဟုတ်ရင် မန်နေဂျာရဲ့အပြောကိုခံရမှာ… အခုလည်းကြည့် ကျွန်မအိပ်ယာထနောက်ကျလို့ ရုံးပါနောက်ကျတော့မယ်… ကျွန်မ မျက်လုံးထဲမှာလဲ ပွစိပွစိပြောနေတဲ့ ဂျာကြီးမျက်နှာကြီးကိုပဲ မြင်ယောင်နေမိတယ်… ပိုဆိုးတာက ဒီနေ့ နိုင်ငံခြားကကုမ္ပဏီပိုင်ရှင် သူဋ္ဌေး ရုံးကိုပထမဆုံးလာမယ့်နေ့ပါဖြစ်နေတယ်… ကျွန်မလည်း ရုံးသွားဖို့ ပြင်ဆင်ပြီးတာနဲ့ တက်ဆီ ငှါးပြီး ရုံးကို လစ်ရတော့တာပေါ့ရှင်… ရုံးအောက်ရောက်လို့ နာရီကို […]