ဣတိပိသောဘဂဝါ-(၁) အရဟံ၊(၂) သမ္မာသမ္ဗုဒ္ဓေါ၊(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊(၄) သုဂတော၊(၅) လောကဝိဒူ၊(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊(၇) သတ္ထာဒေဝမနုဿာနံ၊(၈) ဗုဒ္ဓေါ၊(၉) ဘဂဝါ။ ဘုရားဂုဏ်တော်(၉)ပါး အနက် (၁) အရဟံ- ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။(၂) သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။(၃) ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။(၄) သုဂတော- အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။(၅) လောကဝိဒူ- သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။(၆) […]
နတ်ပို့အမွှန်း
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေဒေဝါ’ နုမောဒန္တု၊သဗ်ဗသမ်ပတ်တိ သိဒ်ဓိယာ။ ဒါနံ ဒုဒန်တု သဒ်ဓါယ၊ သီလံ ရက်ခန်တု သဗ်ဗဒါ။ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ဧတ္တာဝတာ – ဤမျှ အတိုင်းအရှည်ရှိသော ပါဠိမပျက် အနက်မချွတ် နှုတ်သံလွှတ်၍ ရွတ်ဖတ်အပ်သော အစဉ်ဖြင့်၊အမှေဟိ – ပဋ္ဌာန်း တရား ရွတ်ပွား အားထုတ် အကျွန်ုပ်တို့သည်၊သမ္ဘတံ – ပါရမီပြည့်ကြောင်း သဒ္ဓါလောင်း၍ ကောင်းစွာ ဖြည့်ကျင့် ဆည်းပူးအပ်သော၊ပုညသမ္ပဒံ – ကိလေသာ ကြေးညှော်ကို ဆေးလျှော် သန့်ရှင်း ဖြူစင်သော ကောင်းမှု၏ ပြည့်စုံခြင်းကို၊သဗ္ဗေ ဒေဝါ – ခပ်သိမ်းကုန်သော နတ်တို့သည်၊အနုမောဒန္တု – ပါရမီပြည့်ကြောင်း သူတော်ကောင်းတို့ နှစ်ထောင်းအားရ ပြုနိုင်စွမ်းကြသည်ဟု […]
ပုပ္ပားတောင်
ဘီစီ ၄၄၂(မှတ်တမ်းတချို့ ၄၄၄) ခုနှစ်တွင် ပုပ္ပားတောင်ကြီး မီးတောင်ပေါက်ကွဲ၍ ပုပ္ပားမီးသေတောင်ကြိး ဖြစ်လာသည်ဟု ဘူမိဗေဒ ပညာရှင်တို့က ပြောဆိုမှတ်တမ်း ပြုစုကြသည်။ အတိတ်ကာလက မီးတောင်အဖြစ် အကြိမ်ကြိမ် ပေါက်ကွဲပြီးသည့်နောက်ပိုင်း မီးသေတောင်အဖြစ် ဖြစ်ပေါ်လာခဲ့သည်။ သုတေသနပြုချက်များအရသက်နှောင်းကပ်(Cenozoic Era)၏ မိုင်အိုဆင်းယုဂ်(Miocene Period)နှောင်းပိုင်း လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ပုပ္ပား မီးတောင်ကြီးမှာ ပေါက်ကွဲနေဆဲ ဖြစ်ပါသည်။ စတုတ္တကပ် ပလိုင်စတို ဆင်းယုဂ်(Pleistocene Period)လွန်ခဲ့သောနှစ်ပေါင်း တစ်သန်းမှ ငါးသောင်းအတွင်းအထိ ပုပ္ပားတောင်မှာ မီးသေတောင် မဖြစ်သေးပေ။ ပုပ္ပားမီးတောင်မှ ချော်ရည်၊ ချော်မြှုပ်၊ ချော်ခိုးများသည် ကြိမ်ဖန်များစွာ မှုတ်လွှတ်၍ မြေပြင်သို့တက်နေဆဲပင်ဖြစ်သည်။ မည်သည့်ကာလ၌ ပုပ္ပားတောင်ကြီးသည် မီးသေတောင် စ,ဖြစ်ခဲ့သည်ကို မသိကြရပေ။ ကျောင်းချောခေတ် (Neolithic Age) အစ […]
ရှင်အရဟံ(ပုဂံခေတ်)
ရှင်အရဟံ၏ ဘွဲ့တော်သည် အရှင်ဓမ္မဒဿီဖြစ်၏။ သထုံပြည် အရှင်သီလဗုဒ္ဓိ၏သားတပည့်ဖြစ်သည်။ ဗေဒင် လေးပုံနှင့် ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ရဟန္တာဖြစ်တော်မူသည်။ပုဂံပြည်၏ အရည်းကြီးများသတင်းကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား ပုဂံသို့ သာသနာပြုစေလွှတ်တော်မူလေသည်။ ရဟန္တာ ရှင်အရဟံ၏ သာသနာပြုလုပ်ငန်းများကား မြန်မာပြည်သာသနာတွင် အမြင့်မားဆုံးဖြစ်ခဲ့လေသည်။ ပုဂံပြည်ကြီးသည် မင်းဆက်ပေါင်း ၅၅ ပါးရှိ၍ မြို့သက်တမ်း ၂၃၇ နှစ်တည်ခဲ့လေသည်။ သာသနာ သက္ကရာဇ် ၆၅၁၊ ကောဇာသက္ကရာဇ် ၂၉၊ အေဒီ ၂၀၉ ခုနှစ်၌ ယုန်လွှတ်ကျွန်း ၁၉ ရွာကို စုစည်း၍ ပထမပုဂံပြည်ကြီးကို သမုဒ္ဒရာဇ်မင်းကြီးက စတင်တည်ထောင်ခဲ့သည်။ ဝိဇ္ဇာဓိုရ်ရဟန္တာ ရှင်အရဟံသည် အလောင်းစည်သူမင်းနန်းစံ ၂ နှစ်(ခရစ်နှစ် ၁၁၁၅)ခုနှစ် ၈၁ နှစ်တွင် ပရိနိဗ္ဗာန် ပြုတော်မူသည်။ ခုနစ်ရက်တိုင်တိုင် အန္တိမဈာပန အခမ်းအနားကို […]
နေအထွက်မှာ ရွှေခွက်ဖြင့် ငွေအပြည့်ခပ်ပေးပါ
1. နေ့စဉ် နံနက်အိပ်ရာမှနိုးသည် နှင့် ကိုယ်လက်သန့်စင်ပြီး ရေတစ်ခွက်ကို သရဏဂုံသုံးပါးဖြင့် ရွတ်ဆိုပြီး ထိုရေဖြင့်ပင် မျက်နှာသစ်ပါ။2. ပြီးလျှင် အိမ်ရှေ့ထွက်ပြီး နေထွက်ရာအရပ်သို့ မျက်နှာမူပြီး “ဒိဝါတပတိဂါထာတော်မြတ်ကြီး” ရွတ်ဆို၍ လက်ခုပ် ၇ ချက်တီးပြီး မိမိလိုအပ်သောဆုကိုတောင်း၍ “နေအထွက်မှာ ရွှေခွက်ဖြင့် ငွေအပြည့်ခပ်ပေးပါ” ဟု ပြောဆိုပေးပါ။3. ထိုသို့ ပြုလုပ်ပြီးမှသာ မိမိတစ်နေ့တာ လုပ်ဆောင်စရာရှိသည်များကို ပြုလုပ်ပါ။ထိုသို့နေ့စဉ်ပြုလုပ်ပေးပါက စီးပွားလာဘ်လာဘရွှင်လန်း၍ လိုရာဆန္ဒတွေ ပြည့်ဝလာပါလိမ့်မည်။
ပေါင်လောင်ရှင် ကဿပ(ပခန်းနယ်)
နရပတိစည်သူမင်းလက်ထက် ခရစ်နှစ် ၁၂၀၀ ပြည့်နှစ်ခန့်တွင် ပေါင်လောင်ရှင်ကဿပသည် ရဟန္တာဟု ကျော်ကြားခဲ့သည်။ ပခုက္ကူမြို့နယ် (ပခန်းနယ်)အနောက်တောင်ရိုးရှိ ဂူနီနေဝင်ရွာဇာတိဖြစ်သည်။ ငယ်စဉ်အခါက မိခင်၊ ဖခင်တို့အား ပလောင်ဓားပြများ ဓားပြတိုက်စဉ် ပလောင်ဒေသသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ပလောင်ဒေသမှာပင် သာသနာပြုခဲ့လေသည်။အကျင့်သိက္ခာ သီလ၊ သမာဓိ၊ ပရိယတ်၊ ပဋိပတ်် နှစ်ရပ်ပြည့် စုံသဖြင့်ပုဂံပြည်သို့ ပင့်ဖိတ်၍ ကိုးကွယ်ခဲ့လေသည်။ပေါင်လောင်ရှင်ကဿပသည် ယောနယ်အရပ်ရပ်တို့တွင်သာသနာပြု ကြွတော်မူစဉ် မုံရွာမြို့အမှ မိုင် ၆၀ အကွာ ပုံတောင်ပုံညာအရပ်တွင် ပျံလွန်တော်မူ၍ မြေမြှုပ်သင်္ဂြိုဟ်ကြသည်။(မှတ်ချက် – အရိမေတ္တယျ ဘုရားပွင့်သောအခါမှ တေဇောဓာတ်လောင်မည်ဟု ဆိုကြသည်။)ယခုအခါ အလောင်းတော်ကဿပ ဟူ၍ သွားရောက်ဖူးမြော်ကြသည်ဟု ပညာဝန် ဦးဖိုးကျား၏ အလောင်းတော်ကဿပသမိုင်းစာအုပ်၌ ရေးသားသည်။ကျောက်စာ၊ ရာဇဝင်၊ သာသနာဝင်နှင့် နန်းဓလေ့မှတ်တမ်းစသော မှတ်တမ်းတို့၌ အရှင်ကဿပနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာများကို […]
တောင်ဖီလာဆရာတော်(အင်းဝခေတ်)
တောင်ဖီလာဆရာတော်သည် အင်းဝခေတ်သာလွန်မင်းကြီးလက်ထက်(ခရစ်နှစ် ၁၆၂၈ – ၁၆၄၈)တွင် အလွန်ထင်ရှားကျော်ကြားသော ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဆရာတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦးစေတီတော်ကြီးဖြစ်သည်။ စလင်းမြို့၏အရှေ့ဘက် သာထွန်းဦး စေတီတော်တည်ရာ အရပ်၌ခရစ်နှစ် ၁၅၇၈ ခုနှစ်(မြန်မာသက္ကရာဇ် ၉၄၀)တွင်မွေးဖွားခဲ့သည်။ရှင်သာမဏေဘဝမှာ မုနိန္ဒဃောဆသဖြစ်၍ ရဟန်းတော်ဘွဲ့အမည်မှာ အရှင်ဥပါလိဟုခေါ်သည်။ တိပိဋကာလင်္ကာရရာဇဂုရု ဘွဲ့တံဆိတ်တော်ရရှိသည်။ဆရာတော်သည် ပရိယတ် ပဋိပတ်ကို နားလည်သဘောပေါက်အောင် ဟောပြောတတ်သည်။ခရစ်နှစ် ၁၆၃၈ ခုနှစ်၊ ဧပြီလတွင် တောင်ဖီလာအပါအဝင် ဆရာတော်လေးပါးတို့သည် သာလွန်မင်းနှင့်အတူ မင်းဘူးမြို့နယ်ရှိ ပထမ ဆယ့်တစ်ရွာနှင့် ဒုတိယ ဆယ့်တစ်ရွာတို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့လေသည်။တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိနှင့် အကျင့်သိက္ခာတို့ကြောင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝဒေသများတွင် အစာရေစာ ပေါများခြင်း၊ မတရားမှုနည်းပါးခြင်းများရှိခဲ့သည်။ဆရာတော်သည် သက်တော် ၇၂ နှစ်၊ ခရစ်နှစ် ၁၆၅၀ ခုနှစ်၊ မြန်မာသက္ကရာဇာ် ၁၀၁၂ […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၃) ဇာတ်သိမ်းပိုင်း
ဦးတင်လှမောင်နှင့် ဦးစံဘိုတို့မှာ တောလမ်းသွားကြမည့်ဖြစ်၍ ခေတ်ပျက်ကြီးနှင့်လည်း ကြုံနေကြရသဖြင့် ကိုယ်ရံစောင့်အဖြစ် လှံကြီးတစ်ချောင်းနှင့် ဓါးမတစ်ချောင်း၊ တစ်ယောက်လက်နက်နှစ်ခု ယူလာကြသည်။“ဒီလိုဆိုရင်လည်းကွာ၊ မပြောကောင်း၊ ပြောကောင်း ဟင်းကောင်နဲ့သာ ရင်ဆိုင်ရရင်တော့ မင်း အသားထမ်းကိုပဲ ဖြစ်ဖြစ်၊ ငါ့ အသားထမ်းကိုပဲဖြစ်ဖြစ် ချပစ်ခဲ့မှ ဖြစ်မယ်နော်။ အဲဒါတော့ သတိရှိဖို့ လိုလိမ့်မယ်”သူတို့နှစ်ယောက် ခပ်မှန်မှန်လျှောက်လာကြရင်း နေလုံးလည်း ကွယ်သွားလေသည်။ သို့သော် အော်သကဲ၊ ချောင်းသာ၊ ချောင်းသာမှ စမ်းချောင်းဟု ဖြတ်လမ်းတွေကိုချည်း ဖြတ်လျှောက်ခဲ့ကြ၍ ခရီးက သိပ်မရှည်တော့ပေ။ လေးပုံတစ်ပုံခန့်မျှ တိုသွားလေသည်။ သို့သော်လည်း သူတို့ ယခု စစ်ပြေး ခိုလှုံနေကြသည့် တိုက်ချောင်းထဲသို့ ရောက်အောင်တော့ သံပရာချောင်းဖျားမှ တိုက်ချောင်းသို့ ရောက်အောင်တော့ သံပရာချောင်းများမှ တိုက်ချောင်းသို့ ရောက်အောင် တောလမ်းချည်းသက်သက် တစ်နာရီခွဲမျှ လျှောက်ကြရပေဦးမည်။ဖြတ်လမ်းက လူသွားလူလာနည်းသဖြင့် […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၂)
တစ်သက်တာလုံး တစ္ဆေ၊ သရဲကို မကြောက်တတ်ခဲ့သော ဦးကျောက်လုံး သည်နေရာတွင် တောကြီးတစ္ဆေနှင့် ရင်ဆိုင်တွေ့ရလေသည်။နေညို၍ ညနေစာ ချက်ပြုတ်နေချိန်ကပင် တောထဲက ဘာသံမှန်းမသိသော ကြောက်စရာ အသံကြီးတွေကို စတင်ကြားလာရသည်။ သို့သော်လည်း ဦးကျောက်လုံးကား လုံးဝမကြောက်။ သူ့အလုပ်သူ ဆက်လုပ်နေသည်။ ထိုအသံကြီးတွေမှာလည်း နေညိုလာသည်နှင့်အမျှ ပို၍ ကျယ်လောင်လာလေသည်။သို့သော်လည်း ဦးကျောက်လုံးက လုံးဝမကြောက်။ ထမင်းကျက်သည်နှင့် ခူးခပ်စားလေသည်။ ထမင်းစားပြီးသည့်အချိန်တွင် နေလုံးသည် ပျောက်လေသည်။ ထိုအခါ လူနှင့်တူသော မည်းကြုတ်ကြုတ် သတ္တဝါကြီးတစ်ကောင်သည် ရိုးမဘက်ဆီက ဦးကျောက်လုံး၏ တောင်ယာတဲဆီသို့ တရွေ့ရွေ့နှင့် လျှောက်လာနေလေသည်။ထိုမျှ တောကြီးတစ္ဆေ သူ့တဲဆီသို့ လျှောက်လာနေသည်ကို ပြတ်ပြတ်သားသား မြင်နေရသည့်တိုင်အောင် ဦးကျောက်လုံးကား လုံးဝကြောက်စိတ်မရှိ။ သတ္တဝါကြီးကိုသာ စိုက်ကြည့်နေသည်။ ထိုသတ္တဝါကြီးသည် မှောင်ရီသမ်းစအချိန်တွင် ဦးကျောက်လုံး၏ တောင်ယာနားသို့ ရောက်လာလေသည်။ ဦးကျောက်လုံးက […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၁)
သူတို့ရွာ၌ ဦးအောင်သိန်းသည် စကားပြော အလွန်ကောင်းသည်။ ပုံတိုပတ်စ အတော်များများကို တစ်ခုနှင့်တစ်ခု မရိုးရ၊ အီ၍မသွားရအောင် လူကြီးလူငယ် အရွယ်အလျောက်အသက် အပိုင်းအခြားအလိုက် စိတ်ပါဝင်စားအောင် တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနိုင်စွမ်းရှိသည်။ထို့ကြောင့် ညနေချိန်ရောက်တိုင်း ဦးအောင်သိန်း၏ အိမ်၌ လူစည်ကားသည်။ နေ့ခင်းနေ့လည်များတွင်လည်း နွားကြိုးကျစ်ရင်း၊ နှီးဖြာရင်း၊ တောင်းခမောက်ရက်ရင်းနှင့် ရောက်လာကြပြီး နားထောင်လေ့ရှိကြသည်။ ဦးအောင်သိန်းက စကားအပြောကောင်းသည်ကြောင့် ရောက်လာကြသည့်လူများမှာလည်း နားထောင်၍ မငြီး။ ရိုးအီ၍ မသွား။ ထမင်းမေ့ ဟင်းမေ့ ဖြစ်ကြရသည်။ဦးအောင်သိန်း ပြောပြသည်က ဘာသာရပ်တစ်ခုတည်းမဟုတ်။ ဝတ္ထုမဂ္ဂဇင်းတွေထဲက အကြောင်းသက်သက်မဟုတ်၊ ရာဇဝင်နိပါတ်တော်တွေထဲက အကြောင်းသက်သက်လည်း မဟုတ်။ သူဖြတ်သန်းလာခဲ့သော ခေတ်၊ မျက်မှောင်ခေတ်နှင့် ပိဋကတ်တော်၊ အဌကထာ ဋီကာ စသော စာကြီးစာခိုင်တို့အထြကလည်း များစွာပင် ပါဝင်လေသည်။ထို့ကြောင့် လူကြီးလူငယ် အရွယ်မရွေး မရိုးမအီရအောင် […]